BEC-TERO TV

ကြောင်ကိုယူသွားတာကြောင့် ကွာရှင်းမပေးနိုင်ဘူးလို့ ပြောလိုက်တဲ့ ဂူဟဲဆောင်န်း

04 Sep 2019     1,416 Views


F4 မင်းသမီးလေးဆိုပြီး မြန်မာပရိတ်သတ်တွေ သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၁၈ ရက်နေ့က ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း လူမှုကွန်ယက်မှာ အသိပေးပြောကြားခဲ့ပါတယ်။ အဆိုပါအကြောင်းအရာပြီးနောက် သူမဘက်က ကွာရှင်းပြတ်စဲဖို့ သဘောတူထားခြင်းမရှိကြောင်း ရှေ့နေမှတစ်ဆင့် အသိပေးပြောကြားလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

စက်တင်ဘာ ၁ ရက်နေ့မှာ ဂူဟဲဆောင်းန်ဟာ အင်စတာဂရမ်ကနေ အနုပညာအလုပ်ကို စွန့်ခွာပြီး ကျောင်းဆက်တက်သွားမည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးလာပါတယ်။

စက်တင်ဘာ ၂ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက နေအိမ်မှာ မွေးထားတဲ့ကြောင်ကို ယူသွားတာကြောင့် ကွာရှင်းမပေးနိုင်ဘူးဆိုတဲ့ ပို့စ်ကိုတင်ခဲ့ပါတယ်။

“အန်ဂျူးဆိုတာ ကျွန်မနဲ့အကြာကြီးအတူနေခဲ့တဲ့ ကြောင်လေးပါ။ ဒီကြောင်လေးကို တစ်ခါမှ အစာကျွေး၊ ချီးကျုံးပေးတာမျိုး မလုပ်ဖူးတဲ့သူက ယူသွားတာပါ။ သူက ကျွန်မနဲ့ ကွာရှင်းချင်တယ်ပြောပြီး ကြောင်ကိုပါ သူနဲ့အတူ ခေါ်သွားခဲ့ပါတယ်။ ဒါကြောင့် ကွာရှင်းမပေးနိုင်ပါဘူး”  ဆိုပြီးရေးသားထားပါတယ်။

ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလဲ ကွာရှင်းပေးဖို့ အစီအစဉ်မရှိကြောင်း ရှေ့နေမှတစ်ဆင့် အသိပေးပြောကြားထားပါတယ်။ လက်ရှိအချိန်ထိ အန်ဂျယ်ဟွန်းဘက်က ကွာရှင်းဖို့ ရုံးတင်ထားပေမဲ့ ဂူဟဲဆောင်းန်ဘက်က သဘောတူထားခြင်းမျိုးမရှိသေးပါဘူး။

Ref:allkpop

(ပိုပိုလေး)


04 Sep 2019     1,416 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS