BEC-TERO TV

ဝိတ်မတက်ရင် သေနိုင်တဲ့ Sunmi ရဲ့ ကျန်းမာရေး အခြေအနေ

28 Aug 2019     1,428 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် K-pop တစ်ကိုယ်တော်အဆိုတော် Sunmi ဟာ လက်ရှိမှာ LALALAY သီချင်းနဲ့အတူ ပရိတ်ရှေ့ကို ပြန်လာပြီဖြစ်ပါတယ်။ သြဂုတ် ၂၇ ရက်နေ့မှာ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Sunmi ဟာ LALALAY သီချင်းမတိုင်ခင် Heroine သီချင်းထွက်ရှိစဉ် အချိန်တုန်းက ကျန်းမာရေးအခြေအနေ ဆိုးဝါးခဲ့ပါတယ်။

“ကျွန်မ Heroine ကို ပရိုမိုးရှင်းဆင်ခဲ့တုန်းက ကိုယ်အလေးချိန် ၈၆ ပေါင်သာ ရှိခဲ့ပြီး သေမလိုတွေ ခံစားခဲ့ရပါတယ်။ ဖျော်ဖြေရေးတွေကလဲ ဆက်တိုက်ရှိနေတော့ အရမ်းပင်ပန်းပြီး ပိန်ကျသွားခဲ့တာ။ အဲ့အချိန်ကစပြီး စဉ်းစားနေမိတာက စင်ပေါ်မှာ ရေရှည်ဖျော်ဖြေနိုင်ဖို့ ကျွန်မ နေကောင်းကျန်းမာဖို့ လိုအပ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်မ ဝိတ်တက်အောင် ကြိုးစားခဲ့တယ်” ဆိုပြီး ပြောပြသွားပါတယ်။

“ကျွန်မ နေ့စဉ် အစာကိုပုံမှန်စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တယ်။ ကျွန်မမောင်လေးက အများဆုံးကူညီခဲ့တယ်။ ဖျော်ဖြေရေးတွေ ဆက်တိုက်ရှိနေတုန်း ကျွန်မအနားမှာနေပြီး အားအင်တွေပေးခဲ့တယ်။ ကျွန်မ မောင်လေးစားသလို ကျွန်မလိုက်စားတယ်။ အဲ့တာနဲ့ ကျွန်မ ဝိတ်တက်လာပြီး အခုလို ကျန်းမာရေးကောင်းလာတာပါပဲ။” ဆိုပြီး ပြောပြသွားပါတယ်။

Ref:allkpop

(ပိုပိုလေး)


28 Aug 2019     1,428 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS