“နင်မရှိတဲ့ ကမ္ဘာကငါ့အတွက် အထီးကျန်ပါတယ်” လို့ပြောလိုက်တဲ့ ဂူဟဲဆောင်းန်
28 Aug 2019 1,533 Views
F4 မင်းသမီးလေး ဂင်ဂျန်ဒီလို့ သိကြတဲ့ သရုပ်ဆောင်ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်းပရိတ်သတ်ကို အင်စတာကနေ အသိပေးလာပါတယ်။ သြဂုတ် ၂၁ မှာတော့ ဂူဟဲဆောင်းန် ရှေ့နေမှတစ်ဆင့် ကွာရှင်းပြတ်စဲတာကို သဘောတူထားခြင်းမရှိကြောင်း ညှိနှိုင်းဆဲဖြစ်ကြောင်း မီဒီယာတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာပြီးနောက် အန်ဂျယ်ဟွန်းဘက်က ဘယ်လိုမှာ ရှေ့ဆက်ဖို့ မဖြစ်နိုင်ကြောင်း အင်စတာဂရမ်ကနေ ပရိတ်သတ်ကို အသိပေးလာပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Jin San Gallery မှာ ဂူဟဲဆောင်န်း ပြုလုပ်တဲ့ ပန်းချီပြပွဲ ပြီးဆုံးသွားခဲ့ပြီး ဝမ်သန်း (၂၀) တိတိရရှိခဲ့ပါတယ်။
“နင်မရှိတဲ့ ကမ္ဘာကငါ့အတွက် အထီးကျန်ပါတယ်။ ဂျင်ဆန်းပန်းချီပြခန်းမှာ ပြုလုပ်တဲ့ဂူဟဲဆောင်းန်ရဲ့ ပန်းချီပြပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ရရှိလာတဲ့ ဝမ်သန်း (၂၀) ကိုခွေးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဂေဟာကို လှူဒါန်းသွားမှာပါ။ ကျေးဇူးတင်ပါတယ်။” ဆိုပြီး ဂူဟဲဆောင်းန်က သူမ အင်စတာဂရမ်ကနေ အသိပေးပြောကြားသွားပါတယ်။
'နင်မရှိတဲ့ ကမ္ဘာက ငါ့အတွက် အထီးကျန်ပါတယ်' ဆိုတာကတော့ ဂူဟဲဆောင်းန်ရဲ့ ပန်းချီပြပွဲနာမည်ပါ။ ကွာရှင်းဖို့ ကြေညာပြီးနောက်မှာ ဒီစာသားလေးကို ပြန်တင်တာဟာ သူမရဲ့ စိတ်ခံစားချက်တချို့ကို ဖော်ပြနေသလိုပါပဲ။
ဂူဟဲဆောင်းန်ဟာ ခွေးချစ်တတ်သူ တစ်ဦးဖြစ်ပြီး သူမ နေအိမ်က ခွေး(၅) ကောင်ထဲက တစ်ကောင်ဆုံးတော့ ဒီပရက်ရှင်ဝင်ဖူးကြောင်း သိရပါတယ်။
ကွာရှင်းသတင်းပြီးနောက် ဂူဟဲဆောင်းန် ဓာတ်ပုံတစ်ပုံတင်ခဲ့ပါသေးတယ်။ ဓာတ်ပုံထဲရေးသားထားတာကတော့ “ဂူဟဲဆောင်းန် ငါမင်းကိုချစ်တယ်၊ ငါမင်းကိုချစ်တယ် ဂူဟဲဆောင်းန်” လို့ရေးသားထားတာပဲဖြစ်ပါတယ်။
သြဂုတ် ၂၁ မှာ ဂူဟဲဆောင်းန်ဘက်က ကွာရှင်းဖို့ သဘောတူထားခြင်းမျိုး မရှိသေးကြောင်း ညှိနှိုင်းနေဆဲဖြစ်ကြောင်းရှေ့နေကတစ်ဆင့် ထုတ်ပြန်ထားပေမယ့် အန်ဂျယ်ဟွန်းဘက်ကတော့ ဆက်လက်ပေါင်းသင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
Ref:koreaboo
(ပိုပိုလေး)