အိမ်ရာမဲ့ဘဝ ရောက်နေတဲ့ တစ်ချိန်က နာမည်အကြီးဆုံး အပြာမော်ဒယ်
22 Aug 2019 1,556 Views
တစ်ချိန်တုန်းက ပုရိသတို့အသည်းစွဲ ကမ္ဘာကျော် ဖော်ချွတ်အပြာမော်ဒယ်ဖြစ်ခဲ့ဖူးတဲ့ ‘Jenni Lee’ ကို လာ့စ်ဗေးဂတ်စ်မြို့ကြီးရဲ့ မြေအောက်ပိုက်လိုင်းထဲမှာ အိမ်ခြေရာခြေမဲ့ ဘဝနဲ့ ဇာတ်မြုတ် နေထိုင်နေတာကို မမျှော်လင့်ပဲ တွေ့လိုက်ရပါတယ်။
‘Jenni Lee’ ဟာ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ဖက်ရှင်နဲ့ ရုပ်ရှင်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်ဖြစ်ခဲ့ဖူးသလို အပြာဇာတ်ကားများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးလည်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အဲဒီလောကကနေ အနားယူသွားခဲ့ပြီး သတင်းအစန ပျောက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ မှတ်တမ်းရုပ်သံရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က လာ့စ်ဗေးဂတ်စ်မြို့ကြီးအောက်မှာ တည်ရှိတဲ့ မိုင် ၂၀၀ ရှည်လျားတဲ့ မြေအောက်ဥမင်ပိုက်လိုင်းကြီးအကြောင်းကို မှတ်တမ်းတင် ရိုက်ကူးဖို့ ဆင်းခဲ့ရာမှ ‘Jenni Lee’ ကို ခြေသလုံးအိမ်တိုင်များ၊ လူလိမ်လူကောက်များ ခိုအောင်းနေထိုင်ရာ ပိုက်လိုင်းကြီးထဲမှာ အမှတ်မထင်ပဲ တွေ့ခဲ့ရတာဖြစ်ပါတယ်။
ရိုက်ကူးရေးအဖွဲ့က သူမကို အင်တာဗျူးခဲ့ပါတယ်။ ‘Jenni Lee’ ရဲ့ အမည်ရင်းက ‘Stephanie Sadorra’ ဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိတဲ့ မြေအောက်ပိုက်လိုင်းကြီးထဲမှာ လက်စွဲမီးအိမ်၊ လက်နှိပ်ဓာတ်မီးတို့ကို အလင်းရောင်ရရန် အသုံးပြုပြီး သူ့နေရာကျဉ်းကျဉ်းလေးမှာ နေထိုင်နေပါတယ်။
ဒါပေမယ့် ဒီနေရာလေးဟာ သူမအတွက် ပြီးပြည့်စုံပြီး လုံခြုံမှုရှိပါတယ်လို့ အကောင်းဘက်က ခံစားပြောဆိုခဲ့ပါတယ်။ ထိပ်တန်း မော်ဒယ် ၁၀၀ စာရင်းထဲမှာ ပါခဲ့ဖူးတဲ့ ‘Jennie Lee’ ဟာ တစ်ချိန်တုန်းက အရမ်းကို ဆက်စီကျပြီး ပုရိသတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူမဟာ အသက် ၃၅ နှစ်သာရှိသေးပြီး အခုလို မြေအောက်ပိုက်လိုင်းထဲမှာ အိမ်ယာမဲ့ဘဝကို ဘယ်လိုရောက်ခဲ့ရတယ်ဆိုတာကို ပြောကြားခြင်း မရှိခဲ့ပါဘူး။ ဒီမြောက်အောက်ပိုက်လိုင်းကြီးက လာ့စ်ဗေးဂတ်စ်မြို့ကြီး ရေဘေးမသင့်အောင် တည်ဆောက်ထားခဲ့တဲ့ ပိုက်လိုင်းရှည်ကြီးဖြစ်ပါတယ်။ တစ်ခါတစ်ရံ အပေါ်ကနေ ဖြတ်သွားသူတွေက ပိုက်လိုင်းထဲကို အကြွေစေ့လေးတွေ ပစ်ချလေ့ရှိပါတယ်။
ပိုက်လိုင်းထဲမှာ နေထိုင်ကြတဲ့ လူတွေအချင်းချင်း ဆက်ဆံရေးပြေလည်ကြပြီး သူမအနေနဲ့ ဒီနေရာမှာ ပျော်နေပါပြီလို့ ပြောခဲ့ပါတယ်။
လောကနိယာမအရ ဘဝဆိုတာ အတက်ရှိရင် အဆင်းလည်းရှိတာမို့ အကျမနာအောင် သတိပညာနဲ့ ပြင်ဆင်ထားကြဖို့ လိုအပ်တယ်ဆိုတာကို ‘Jannie Lee’ ရဲ့ အဖြစ်က မီးမောင်းထိုးပြနေပါတယ်။