BEC-TERO TV

ကြက်ကြော်ဆိုင်မှာ ဖုန်းအားသွင်းရင်း ဂိမ်းဆော့စဉ် ကလေးတစ်ဦး ဓါတ်လိုက်သေဆုံး(ရုပ်သံ)

22 Aug 2019     1,605 Views


အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့အတူ ကြက်ကြော်ဆိုင်(စားသောက်ဆိုင်) မှာ အတူထိုင်ကြရင်း ဖုန်းကို အားသွင်းထားလျှက် ဂိမ်းဆော့နေစဉ် ဓါတ်လိုက်ပြီး သေဆုံးမှုတစ်ခု သြဂုတ်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့သည်။
 
 
‘လွီ’ ဟု အမည်ရတဲ့ ကလေးဟာ ကြက်ကြော်ဆိုင်ရှိ သူထိုင်နေရာ စားပွဲအနားမှာ တပ်ဆင်ထားတဲ့ ပလပ်ပေါက်မှတစ်ဆင့် သူ့ရဲ့ဖုန်းကို အခြားအားသွင်းကြိုးတစ်ခုနဲ့ ချိပ်ဆက် အားသွင်းရင် ဂိမ်းဆော့နေခဲ့တာဖြစ်ပါတယ်။
 
 
စီစီတီဗီရုပ်သံအရ ကလေးဟာ သူငယ်ချင်းများနဲ့အတူ စားပွဲတစ်ခုမှာ အတူထိုင်ရင် ဂိမ်းဆော့နေစဉ် ရုတ်တရက် ဆန့်ငင် ဆန့်ငင်ဖြစ်သွားပြီး ဓါတ်လိုက်ခံခဲ့ရပါတယ်။ သူငယ်ချင်းတွေနဲ့ အနီးနားက လူတွေ ရိပ်မိသွားပြီး ဆေးရုံကို အမြန်ပို့ခဲ့ကြပါတယ်။ ဆရာဝန်တွေက နှစ်နာရီကျော်ကြာအောင် အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပေမယ့် သေဆုံးသွားခဲ့ပါတယ်။
 
 
ကလေးရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ မီးလောင်ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ သေဆုံးသူရဲ့ အစ်မက ပြောပါတယ်။ ကလေးဓါတ်လိုက်ခဲ့တဲ့ ဖုန်းနဲ့ အားသွင်းကြိုးကို ပြန်လည်စစ်ဆေးရာမှာ အားလုံးအကောင်းအတိုင်းရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် စားသောက်ဆိုင်မှာ တပ်ဆင်ထားတဲ့ အားသွင်းပလပ်ပေါက်ကို စစ်ဆေးရာမှာတော့ လျှပ်စစ်ဆက်သွယ်ထားမှု မှားယွင်းနေတာကို တွေ့ခဲ့ရပါတယ်။
 
 
 
ဖြစ်စဉ်ကြောင့် အာဏာပိုင်တွေက စားသောက်ဆိုင်ကို နှစ်ရက်ကြာပိတ်ခိုင်းခဲ့ပြီး အခုဆိုရင် ဓါတ်လိုက်မှုဖြစ်ပွားခဲ့တဲ့ ပလပ်ပေါက်ကို စားသောက်ဆိုင်ပိုင်ရှင်က အသုံးပြုလို့မရအောင် ပိတ်ထားကြောင်း Jiangxi Net TV သတင်းတွင် ဖော်ပြပါရှိသည်။

22 Aug 2019     1,605 Views




RELATED

Most Popular of Special or Others

Most Popular of NEWS