လစဉ်ပုံမှန်ဝင်ငွေ ၃ သိန်းရှိရုံနဲ့ အိမ်ခန်းတစ်ကယ် ပိုင်ဆိုင်နိုင်ပြီလား..?
22 Aug 2019 1,541 Views
တစ်နေ့တစ်ခြား လူနေထူထပ်လာတဲ့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးလောက် ပိုင်ဆိုင်ပြီး အေးအေးချမ်းချမ်းနေချင်ကြတာ မိသားစုအတော်များများရဲ့ မျှော်လင့်ချက်ဆန္ဒတစ်ခု ဖြစ်ပါတယ်။
အိမ်ခြံမြေစျေးကွက်တွေ ဟိုးယခင်တွေကထက်စာရင် ထိုးကျနေပေမယ့် အဲဒီပမာဏကိုက သာမန်ဝန်ထမ်းတွေ၊ အခြေခံလူတန်းစားတွေ အတွက်တော့ လက်လှမ်းမမီနိုင် ဖြစ်နေပါသေးတယ်။ နိုင်ငံတော်အစိုးရကလည်း တတ်နိုင်တဲ့ဘက်ကနေ တန်ဖိုးသင့်၊ တန်ဖိုးနဲ စတဲ့ အိမ်ရာတွေ ဖော်ဆောင်ပေးနေပေမယ့် လောက်ငမှု မရှိသေးတဲ့အတွက် ကိုယ်ပိုင်အိမ်ခန်းလေးနဲ့ အလှမ်းဝေနေကြတဲ့ မိသားစုတွေ အများကြီး ရှိနေဆဲဖြစ်ပါတယ်။
ဒီအခက်အခဲတွေကို ပြေလည်ပြီး မိသားစုတိုင်း ကိုယ်ပိုင်အိမ်ခန်းလေး ပိုင်ဆိုင်ခွင့်ရအောင် အခုဆိုရင် ဘဏ်တွေဘက်ကလည်း သူတို့ကူညီနိုင်သလောက် နှစ်ရှည်ချေးငွေတွေနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးလာကြပါတယ်။
ဒါဆိုရင် လစဉ်ပုံမှန်ဝင်ငွေ ၃ သိန်းရှိရုံနဲ့ တူတူတန်တန် အိမ်ခန်းလေးတစ်ခန်း တစ်ကယ်ပိုင်ဆိုင်နိုင်ပါပြီလား..?
သင့်မှာဆန္ဒလည်းရှိမယ်၊ ချေးငွေလျှောက်ရာမှာ သတ်မှတ်ထားတဲ့ အောက်ပါအချက်လက်တွေလည်း ပြည့်စုံမယ်ဆိုရင် အမှန်တစ်ကယ်ပိုင်ဆိုင်နိုင်ပါပြီ။
၁။ သင်ဟာ မြန်မာနိုင်ငံသားဖြစ်ပြီး အသက်အရွယ် ၂၀ နဲ့ ၅၀ ကြား ဖြစ်ရပါမယ်။
၂။ ဝယ်ယူလိုတဲ့ အိမ်ခန်းတန်ဖိုးရဲ့ ၃၀% လက်ငင်းပေးချေနိုင်တဲ့ စုဆောင်းငွေရှိရပါမယ်။ (ဥပမာ သိန်း ၁၀၀ တန် တိုက်ခန်းအတွက် သိန်း ၃၀ အသင့်စုထားပြီး ဖြစ်ရမှာပါ၊ ကျန်တဲ့ ၇၀% ကိုပဲ ဘဏ်ကချေးမှာဖြစ်ပါတယ်)
၃။ လစဉ်ပုံမှန်ဝင်ငွေနဲ့ ပက်သက်တဲ့ စာရွက်စာတမ်းအထောက်အထားများ
၄။ မိမိကို ထောက်ခံပေးမည့်သူ (၁)ဦး နှင့် သူ့ရဲ့ ကိုယ်ရေးအချက်လက်များ
၅။ ဝယ်ယူလိုတဲ့ အိမ်ခန်းရဲ့ စာရွက်စာတမ်း အထောက်အထားများ
စတာတွေကို မိမိချေးယူလိုတဲ့ ဘဏ်နဲ့ချိပ်ဆက်ပြီး လျှောက်ထားဝယ်ယူနိုင်ပါတယ်။
ချေးငွေသက်တမ်းကိုတော့ ၁ နှစ်ကနေ ၁၅ နှစ်ထိ အရစ်ကျပြန်ဆပ်တဲ့စနစ် သတ်မှတ်ထားပါတယ်။ အတိုးနှုန်း ၁၃% နှုန်း သတ်မှတ်ထားပေမယ့် လစဉ်ပြန်ဆပ်ရာမှာ ကျန်ငွေပေါ်မှာပဲ အတိုးတွက်သွားတာဖြစ်လို့ တစ်လထက် တစ်လလျော့ကျလာပြီး နှစ်စေ့သွားတဲ့အခါ ပျှမ်းမျှအားဖြင့် တစ်ကယ်ပေးရတဲ့ အတိုးနှုန်းက ၇% သာရှိတယ်လို့ ဘဏ်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
လစဉ်ပုံမှန် ၃ သိန်း ဝင်ငွေရှိသူတွေအတွက် ဘယ်လောက်တန် အိမ်ခန်းဝယ်ယူနိုင်မလဲ..?
၃ သိန်း ပုံမှန်ဝင်ငွေ ရှိသူတွေအတွက် ၁၅ နှစ်အရစ်ကျ ချေးယူနိုင်မယ့် အများဆုံး ပမာဏက (၁၄,၂၂၆,၅၂၅.၅၃ ကျပ်) ၁၄၂ သိန်းစွန်းစွန်း ဖြစ်ပါတယ်။
ဒါကြောင့် သိန်း ၂၀၀ စွန်းစွန်းတန် အိမ်ခန်းအတွက် ဘဏ်ကသတ်မှတ်ထားတဲ့ လက်ငင်းငွေချေမှု အိမ်တန်ဖိုး ၃၀% ဖြစ်တဲ့ သိန်း ၆၀ ရှိနှင့်ထားရင် ၁၅ နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်ပါပြီ။
အိမ်ခန်းဝယ်ယူပြီးပါက အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ဘဏ်ကသိမ်းဆည်းထားမှာဖြစ်ပြီး အရစ်ကျငွေကြေပြီးမှ ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ လစဉ် ပုံမှန်ဝင်ငွေ ၃ သိန်း ရှိရုံနဲ့ အမှန်တစ်ကယ် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်ပါပြီ သို့သော်..
မှတ်ချက်။ ။ အချက်လက်များကို AYA Home Lone မှ ရယူထားခြင်းဖြစ်ပါတယ်။
>> မိမိ၏ဝင်ငွေနဲ့ ချေးငွေမည်မျှ ရနိုင်မည်ကို တွက်ချက်ရန် ဤနေရာကိုနှိပ်ပါ။
>> ချေးငွေလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အချက်လက်များကို ရယူရန် ဤနေရာကိုနှိပ်ပါ။