အဆုတ်ရောင် ရောဂါကြောင့် ရာသီအစပွဲစဉ်ကို ကြီးကြပ်နိုင်မှာမဟုတ်တဲ့ ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ
20 Aug 2019 1,922 Views

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီဟာ အဆုတ်ရောင်ဂါဖြစ်ပွားနေတာကြောင့် ရာသီအစ အဖွင့်ပွဲစဉ်မှာ အသင်းကို ကိုင်တွယ်မကြီးကြပ်နိုင်ဘူးလို့သိရပါတယ်။ ဆာရီဟာ ပြီခဲ့တဲ့ ရကပိုင်းက အဖျားဝေဒနာခံစားရလို့ အနားယူခဲ့ရပြီး အခုအဆုတ်ရောင်ဝေဒနာခံစားနေရတာဖြစ်ပါတယ်။
ရာသီအစပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းဟာ ပါးမားအသင်းကို အဝေးကွင်းတွင် သွားရောက်ကစားရမှာဖြစ်ပြီး ဆာရီကတော့ အဆိုပါပွဲကို လာရောက်ကြီးကြပ်နိုင်မှာ မဟုတ်ပါဘူး။ ဆာရီဟာ အဆုတ်ရောင်(နမိုးနီးယား) ရောဂါကြောင့် လေ့ကျင့်ရေးကွင်းမှာ လာရောက်မကြီးကြပ်နိုင်ခြင်း မရှိတာကြောင့် တစ်ပါတ်ခန့် အနားယူသွားဖို့ရှိပါတယ်။
အီတလီသားကြီး ဆာရီဟာ ဆေးလိပ်ကို အလွန်ကြိုက်သူတစ်ဦးဖြစ်ပြီး တစ်နေ့ကို ဆေးလိပ်နှစ်ဗူးခန့် ကုန်အောင်သောက်တယ်လို့ သိရပြီး အသင်းကိုကြီးကြပ်နေစဉ်မှာလည်း ဆေးလိပ်ကိုထိတွေ့ မှုရမှ အာသာပြေသူတစ်ဦးဖြစ်ပါတယ်။
အသက် ၆၀ အရွယ်ရှိ နည်းပြဆာရီဟာ ယခုနှစ်မှ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။