အင်္ကျီတစ်ထည်ရောင်းရလျှင် သစ်ပင်တစ်ပင် စိုက်ပျိုးမည်အစီအစဉ် ဘန်လေအသင်းစတင်
19 Aug 2019 1,496 Views

ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းဟာ ဒီရာသီ တတိယဝတ်စုံကို ကြေညာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တတိယဝတ်စုံကို ဈေးကွက်တွင်ရောင်ချသွားမှာဖြစ်ပြီး အင်္ကျီတစ်ထည်ရောင်းရလျှင် သစ်ပင်တစ်ပင် စိုက်ပျိုးမည် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဘန်လေအသင်းဟာ သစ်တောများပြုန်းတီးမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေတဲ့အပေါ် ထိန်းသိမ်းကာကွယ်ရန်အတွက် သတိထားမိစေရန် "Ever Green" ကို စတင်လိုက်တာဖြစ်ပါတယ်။ အဆိုပါ ဝတ်စုံကို လာမည့် သြဂုတ် ၃၁ ရက်မှစပြီး တရားဝင် ရောင်းချသွားမှာဖြစ်ပြီး လူကြီးဝတ်စုံအတွက် ၄၅ ပေါင် နှင့် ကလေးငယ်များအတွက် ဝတ်စုံတစ်ထည်လျှင် ၃၅ ပေါင်ကျသင့်မယ်လို့ သိရပါတယ်။
အဆိုပါ တတိယဝတ်စုံဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့အတွက်ကြောင့် အစိမ်းရောင်ဖြင့် ဖန်တီးချုပ်လုပ်ထားပါတယ်။ ပြီးခဲ့တဲ့အပါတ်က အာဆင်နယ်အသင်းနဲ့ကစားတဲ့ အဝေးကွင်း ပွဲစဉ်မှာ ဝတ်ဆင်ကစားခဲ့ပါတယ်။
သစ်ပင်များကို ဘန်လေအသင်းရန်ပုံငွေအဖွဲက ဆောင်ရွတ်နေတဲ့ အကျယ်အဝန်း ၂၂ ဧကရှိ Whitehough Outdoor Center တွင် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။