မီနီဘတ်စ် တစ်စီးခန့်ရှိသော ဝေငါးမန်းကြီး ကမ်းကပ်လာသဖြင့် လူများထိတ်လန့်
19 Aug 2019 1,615 Views
သြဂုတ်လ ၁၇ ရက်နေ့က မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ရှိ လှေဆိပ်တစ်ခုတွင် မီနီဘတ်စ်ကား တစ်စင်းစာ အရွယ်အစားခန့်ရှိသော ဝေလငါးမန်းကြီး ပေါလောပေါ်ကာ ဆိပ်ကမ်းကို ကပ်လာသဖြင့် လူအများ ရုတ်တရက် ထိတ်လန့်ခဲ့ကြသည်။
အလေးချိန် ၂ တန်ခန့်ရှိပြီး ရေနက်ဒေသတွေမှာ နေထိုင်လေ့ရှိတဲ့ ဝေလငါးမန်းလို့ ယူဆရတဲ့ ငါးကြီးဟာ မလေးရှားရေပိုင်နက်ထဲကို လမ်းပျောက်ပြီး ရောက်လာခဲ့ဟန်တူပါတယ်။
အန္တရာယ်ရှိတဲ့ ငါးအမျိုးအစားအဖြစ် သတ်မှတ်ထားတဲ့ငါးကြီးဟာ တံငါသည်တွေ ဖမ်းဆီးမှုကြောင့်၊ သင်္ဘောတစ်စင်းစင်းနဲ့ တိုက်မိခဲ့တာကြောင့် သို့မဟုတ် အခြားမသိနိုင်တဲ့ အကြောင်းတွေကြောင့် သေဆုံးပြီး မျောပါလာတာဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုလျှက်ရှိပါတယ်။