BEC-TERO TV

ဂူဟဲဆောင်းန်ဘက်က ကွာရှင်းဖို့ သဘောမတူခဲ့ကြောင်း ပြသနေတဲ့ မက်ဆေ့ခ်ျစာဖိုင်များ

19 Aug 2019     1,471 Views


မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလို့သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ခင်ပွန်းသည် သရုပ်ဆောင် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း လူမှုကွန်ယက် အင်စတာဂရမ်ကနေတစ်ဆင့် screenshot နှင့်တကွ ပရိတ်သတ်ကို အသိပေးလိုက်ပါတယ်။ သူမပြောထားတဲ့ အကြောင်းအရာက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

‘ကျွန်မအခုလို စာအရှည်ကြီးရေးပြီး တင်ရတဲ့အကြောင်းအရင်းကတော့ ကျွန်မမိဘတွေနဲ့ မိသားစုကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးကတော့ ဘာဆက်လုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး’ ဆိုပြီး အေဂျင်စီမှာ အတည်ပြုကြောင်း မကြေငြာခင် သူမရေးသားထားတာဖြစ်ပါတယ်။

ဂူဟဲဆောင်းန်ဟာ အန်ဂျယ်ဟွန်း ကို မနက် ၁:၃၀ မှာ ဖုန်းခေါ်ခဲ့ပြီး မကိုင်တာကြောင့် သူမကို ဖုန်းပြန်ခေါ်ဖို့ ပြောခဲ့ပါတယ်။ အန်ဂျယ်ဟွန်းကို ဆက်သွယ်လို့ မရတာကြောင့် ဂူဟဲဆောင်းန် မက်ဆေ့ခ်ျပို့ပြီးပြောခဲ့ပါတယ်။ သူမပို့ခဲ့တဲ့ မက်ဆေ့ခ်ျထဲက အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ဒီအချိန်ကြီးမှာတောင် ဖုန်းမအားဘူးဆိုတော့ ဘာတွေလုပ်နေတာလဲ။ ငါဒီနေ့ ဒါရိုက်တာနဲ့ တွေ့ခဲ့ပြီး ရှင်ကိုယ်တိုင် CEO ကို ဒီအကြောင်းပြောပြီးပြီဆိုတာ သိခဲ့ရတယ်။ သူဌေးနဲ့အတူ ကျွန်မကို မက်ဆေ့ခ်ျထဲမှာ ဆဲဆိုထားတာတွေကိုလဲ ဖတ်ခဲ့ရတယ်။

လက်ထပ်တုန်းက သစ္စာရှိမှု၊ အေဂျင်စီအပေါ် သစ္စာရှိမှုတွေ ကျွန်မမှာမရှိဘူးလို့ ပြောထားတာကိုတွေ့ရတယ်။ ငါတို့နှစ်ယောက်ကြားက ကိစ္စတွေက အေဂျင်စီနဲ့တော့ ဘာမှမသက်ဆိုင်ဘူးထင်တာပဲ။ ငါကိုယ်တိုင်က ကွာရှင်းချင်တယ်ဆို လက်ခံပိုင်ခွင့်ရှိသလို ငြင်းပိုင်ခွင့်လဲရှိတယ်။ ငါထွက်သွားတာနဲ့ငါတို့ နှစ်ယောက် ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းတွေထွက်လာမှာပဲဆိုတာသိလို့ ဒီတိုင်းနေခဲ့တာ။ ခုတော့ နင်ဖြစ်ချင်တဲ့အတိုင်း ကွာရှင်းပေးပါ့မယ်။

 ပြီးတော့ ငါ အေဂျင်စီက ထွက်လိုက်ရင် အလုပ်လဲ မရှိတော့မှာမို့ Yongin အိမ်မှာ ကျန်ရှိထားတဲ့ အသုံးစရိတ်တွေ ငါ့ကိုပေးပါ။ ငါတို့ ကတိပေးထားတဲ့အတိုင်း ရှေ့နေတွေနဲ့ တရားဥပဒေအရ ဖြေရှင်းသွားကြတာပေါ့။ ငါ့ဘက်က အချိန်ပေးစောင့်ကြည့်နေခဲ့ပေမယ့် နင့်ဘက်ကစပြီးပြောင်းလဲသွားတာပါ။ ဖြစ်သမျှအကြောင်း အကောင်းမှတ်ပြီးလက်ခံလိုက်မှာပါ။ ကွာရှင်းချင်ရခြင်းအကြောင်းအရင်း အမှန်တရားကိုလဲ သိချင်တယ် ပြီးတော့ ငါ့ကို ငွေပို့ပေးလိုက်ပါ။ ” ဆိုပြီးရေးသားထားပါတယ်။

ဂူဟဲဆောင်းန် အင်စတာဂရမ်မှာတင်လိုက်တဲ့ မက်ဆေ့ခ်ျအရ ကွာရှင်းတာဟာ ကြိုတင်မစီစဉ်ထားဘဲ ရုတ်တရက်ဖြစ်ပျက်သွားရပုံပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 

 

 


19 Aug 2019     1,471 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS