Gong Yoo ရဲ့ငြင်းဆိုမှုကြောင့် စိတ်ထိခိုက်မိကြောင်းပြောပြလာတဲ့ ဒါရိုက်တာ
16 Aug 2019 1,313 Views
အိမ်ထောင်မပြုရသေးတဲ့ ဦးလေးကြီး မင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးဦး Gong Yoo ကတော့ မြန်မာပရိတ်သတ်တွေ အသည်းစွဲဖြစ်နေရတဲ့ မင်းသားတစ်လက်ဆိုလဲ မမှားပါဘူး။ Goblin ဇာတ်လမ်းတွဲအပြီး ဇာတ်ကားအသစ် ရိုက်ကူးခြင်းမရှိဘဲ ဒီနှစ်ပိုင်းတွေမှာ ကြော်ငြာတွေသာ ဆက်တိုက်ရိုက်ကူးနေခဲ့ပါတယ်။ MBC’s Radio Star အစီအစဉ်မှာ ရုပ်ရှင်ဒါရိုက်တာ Park Jong Hoon ဟာ ဧည့်သည်အဖြစ်လာရောက်ရင်း သရုပ်ဆောင် Gong Yoo က သူနဲ့အတူ ဇာတ်ကားရိုက်ဖို့ ငြင်းဆိုလိုက်တဲ့အကြောင်း ပြောပြလာပါတယ်။ Gong Yoo ဘယ်လို ငြင်းဆိုလိုက်လို့ ဒါရိုက်တာ စိတ်ထိခိုက်သွားရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဒါရိုက်တာ Park Jong Hoon ဟာ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၃ မှာ Top Star အမည်ရတဲ့ ရုပ်ရှင်ကို ပထမဦးဆုံး ဒါရိုက်တာအဖြစ် စတင်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားက ထင်သလောက်မအောင်မြင်ခဲ့တာကြောင့် အရှုံးတွေဆက်တိုက်ပေါ်နေခဲ့ကြောင်းသူကပြောပါတယ်။
Park Jong Hoon ဟာ အသက် ၂၅ နှစ်နှင့် ၃၁ နှစ်ကြားက သရုပ်ဆောင် မင်းသားတွေကို သူနဲ့အတူ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းဖူးပေမယ့် ဘယ်သူမှ လက်မခံကြကြောင်းကို ပြောပြလာပါတယ်။
ထိုအထဲကမှ Gong Yoo ရဲ့ ငြင်းဆိုမှုက သူ့ကိုစိတ်ထိခိုက်စေကြောင်းပြောပြလာပါတယ်။
“ကျွန်တော်သူ့ကို လူချင်းတွေ့ပြီး သူနဲ့ နာရီအနည်းငယ်လောက် စကားပြောဖြစ်ခဲ့သေးတယ်။ သူကပြောတယ် ကျွန်တော့်ဇာတ်ညွှန်းက သူ့ကိုမဆွဲဆောင်နိုင်ဘူးတဲ့။ သူက ကျွန်တော်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ထားပေမယ့် ဇာတ်ညွှန်းကြောင့် မရိုက်ဖြစ်ဖူးလို့ပဲပြောခဲ့တာပါ။ ဒါက ကျွန်တော့်ကို စိတ်ထိခိုက်စေတယ်။” ဆိုပြီး ပြောသွားပါတယ်။
ဒါရိုက်တာ Park Jong Hoon က သူ့ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ဖို့ Gong Yoo ကိုအလိုရှိနေပေမယ့် Gong Yoo ကတော့ ဇာတ်ညွှန်းမကြိုက်တာကို အကြောင်းပြပြီး ဆက်ဆံရေးမပျက်စေတဲ့ နည်းကို ကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။
Ref:koreaboo
(ပိုပိုလေး)