ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးလ်ထက်အရင် မန်ယူအသင်း ရလိမ့်မယ်လို့ နဗီးလ် သုံးသပ်
15 Aug 2019 1,626 Views

Sky Sports ရုပ်သံတွင် ဘောလုံးပွဲသုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်နေသော မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအား လီဗာပူးလ်မဆွတ်ခူးနိုင်မီ မန်ယူ အရင်ဆွတ်ခူးနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းဟာ ရလဒ်ဆိုးတွေနဲ့ကြုံတွေခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို လွှဲချော်ခဲ့ရပါတယ်။ ပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့လည်း ရမှတ် (၃၁) အမှတ်အထိ ကွာဟခဲ့ပြီး ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
Sky Sports ၏ Big Debate အစီအစဉ်မှာ နဗီးလ်က “ ကျွန်တော် ရဲဝင့်စွာ ပြောဆိုရဲပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲပါလိမ့်မယ်။ လီဗာပူးလ်ထက် အရင်တောင် ဗိုလ်စွဲနိုင်ပါတယ်။ ဒါ လီဗာပူးလ်ကို မလေးမစားပြောတာ မဟုတ်ပါဘူး ၊ မန်ယူအသင်းက တစ်ကယ့်ကို လီဗာပူးလ်ထက်အရင် ဗိုလ်စွဲ နိုင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။
ပြိုင်ဘက်အသင်းတွေ တိုးတက်လာမှုအပေါ် အမြင်ကို နဗီးလ်က “ ဒါက ကောင်းပါတယ်။ ပြိုင်ဘက်တွေ တိုးတက်လာတဲ့ ခြေစွမ်းတွေ မြင်ရလို့ စိတ်အနှောက်အယှက်မဖြစ်စေပါဘူး ။ မန်စီးတီး ၊ စပါး အသင်းတို့ဟာ လွန်ခဲ့တဲ့ နှစ် (၂၅) ၊ (၃၀) လောက်ကတည်းက အင်းအားဖြည့်တင်းမှု နည်းတဲ့အသင်းတွေလေ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစမှာ ချဲလ်ဆီးအသင်းကို (၄-၀)ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မှု အလေးပေးရာမှ အဆင့်(၄) နေရာမှသာရှိနေပါတယ်။ တစ်နှစ် နဲ့တစ်နှစ် လူအင်းအားဖြည့်တင်းမှုတွေ ပြုလုပ်လာပြီး ပရီးမီးယားလိဂ်ကို တစ်ဖန် ဗိုလ်စွဲနိုင်ဖို့ ကြိုးပမ်းနေကြတာ လ
လီဗာပူးလ်အသင်းက အမှတ်ပေးချန်ပီယံဆုကို (၂၉)နှစ်ကြာ ဝေးကွာနေပြီး မန်ယူအသင်းမှာ ၂၀၁၃ ခုနှစ်က ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။