BEC-TERO TV

အသက် ၂ နှစ်သမီးငယ်ကို ဒေါက်မြင့်ဖိနပ်နဲ့ရိုက်သတ်သူမိခင် အပြစ်မှလွတ်

15 Aug 2019     1,395 Views


မိခင်က သူမရဲ့အသက် ၂ နှစ်အရွယ် သမီးငယ်လေးရဲ့ မျက်နှာနဲ့ ဦးခေါင်းကို ဒေါက်ဖိနပ်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့တာကြောင့် ကလေးငယ် သေဆုံးသွားခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဟု တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ်မှ ကင်းလွတ်ခွင့်ရသွားခဲ့ပါတယ်။
 
 
ဂျာမဏီနိုင်ငံ ကိုလွန်းစီရင်စုမှ အသက် ၃၁ နှစ်အရွယ် Labake M ဆိုသူက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ဒုက္ခသည်စခန်းမှာ စိတ်ဖိစီးမှုများပြီး အသက် ၂ နှစ်အရွယ် သမီးလေး Destiny ကို သူမရဲ့ ဒေါက်မြင့်ဖိနပ်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
 
ရိုက်နှက်ခံရမှုကြောင့် ကလေးရဲ့ ဦးခေါင်းအရိုးများ ကျိုးကြေပြီး မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးသွားခဲ့ပြီးနောက် ဒဏ်ရာတွေနဲ့ ကလေးမှာ သေဆုံးသွားခဲ့ကြောင်း ဆေးအဖွဲ့က ကြေညာခဲ့ပါတယ်။
 
 
ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ Labake M ဟာ နိုက်ဂျီးရီးယားနိုင်ငံကနေ ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံဖို့ ဂျာမဏီကို ထွက်ပြေးလာခဲ့သူဖြစ်ပါတယ်။
သေးဆုံးသူကလေးရဲ့ ဖခင်ဖြစ်တဲ့ Chideral M ရဲ့ ထွက်ဆိုချက်အရ Labake ဟာ သမီးလေး မပါပဲ အိမ်ပြန်ရောက်လာပြီး သမီးလေးဘယ်မှာလဲလို့ မေးတဲ့အခါ သူရှိသင့်တဲ့နေရာမှာ ရှိနေတယ်လို့ ဖြေကြားခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။
 
နောက်ပိုင်းမှာ ကလေးသေဆုံးခဲ့ရတဲ့ အဖြစ်ပျက်ကို ပြန်မေးတဲ့အခါ Labake က မတော်တဆ ဖြစ်သွားတာလို့ ပြန်ဖြေခဲ့ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၅ ခုနှစ်က လစ်ဗျားနိုင်ငံမှာ Labake က ဆံပင်ညှပ်ဆိုင်မှာ ဆံသအလုပ် လုပ်နေတဲ့အချိန်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။
 
Labake ဟာ အရင်အိမ်ထောင်နဲ့ ရခဲ့တဲ့ သူမရဲ့ ၃ နှစ်အရွယ် သားငယ်လေးကို ယောက္ခမဖြစ်သူနဲ့ ထားခဲ့ပြီး ဥရောပမှာ ဘဝသစ်စတင်ဖို့ ထွက်လာခဲ့တာဖြစ်ပါတယ်။ Labake နဲ့ Chideral တို့ တွေ့ခဲ့ကြပြီး သိပ်မကြာခင်မှာ လက်ထပ်လိုက်ကြကာ သမီးလေး Destiny မွေးလာခဲ့ပါတယ်။
 
ဒါပေမယ့် သိပ်မကြာခင်မှာပဲ Chideral က သူမနဲ့ လမ်းခွဲပြီး အခြားအမျိုးသမီးတစ်ယောက်နောက်ကို ပါသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Labake ဟာ ဆေးခြောက် စတင်သုံးစွဲတတ်လာပါတယ်။ နောက်ပိုင်းမှာတော့ မူးယစ်ဆေးစွဲသူတစ်ယောက် ဖြစ်သွားပါတယ်။ အဲဒီအချိန်ဝန်းကျင်မှာပဲ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေနေ မူမမှန်တာတွေ စတင်ခဲ့တယ်လို့ တရားရုံးစစ်ဆေးမှုအရ သိရပါတယ်။
 
 
ဂျာမဏီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ရာမှာလည်း ပယ်ချခံခဲ့ရပါတယ်။ ဒီအတွက် အသနားခံစာရေးတင်ရာမှာ သူမရဲ့ ခင်ပွန်းဟောင်းက သူမကို ရိုက်နှက်ပြီး ကလေးကိုလဲ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်း ထည့်သွင်းရေးသား ဖော်ပြခဲ့ပါတယ်။
 
သူမရဲ့ မိသားစုနဲ့ အပေါင်းအသင်းတွေကတော့ Labake ဟာ သူ့သမီးလေးကို အရမ်းချစ်ကြောင်း သူမရဲ့ခင်ပွန်းက ပစ်သွားခဲ့ပြီးတဲ့နောက် စိတ်ဖိစီးမှုများခဲ့ရတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။
 
အဖြစ်ပျက်တွေကို ကြားနာစစ်ဆေးပြီးနောက် တရားသူကြီး Dr Joerg Michael က အဲဒီအချိန်က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအတွက် သူမမှာ တာဝန်မရှိဘူးလို့ ဆုံးဖြတ်ပြီး ထောင်ဒဏ်မှ ကင်းလွတ်ခွင့်ပေးကာ စိတ်ရောဂါဆေးရုံသို့ လွှဲပြောင်း ကုသမှုခံယူရန် အမိန့်ချမှတ်ခဲ့ပါတယ်။
 
အပြစ်မရှိတဲ့ ကလေးငယ်လေး သတ်ခံခဲ့ရမှုအပေါ် မိခင်ဖြစ်သူ ဘာအပြစ်မှ ချမှတ်မခံရတဲ့အပေါ် စောင့်ကြည့်နေကြတဲ့ လူငယ်များကာကွယ်ရေး ဒေသခံအသင်းအဖွဲ့များကလည်း ပြစ်တင်ဝေဖန်မှုတွေ မလုပ်ကြတာကို တွေ့ရပါတယ်။ 
 
“လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာ အကြိမ်ကြိမ်ဖောက်ပြန်လာတဲ့အခါ ဘာဖြစ်လာနိုင်လဲဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ အဖြစ်ဆိုးကြီးနဲ့ အဆုံးသတ်ခဲ့ရတာပါ” ဟု တရားသူကြီး က ပြောဆိုခဲ့ပါတယ်။

 


15 Aug 2019     1,395 Views




RELATED

Most Popular of Special or Others

Most Popular of NEWS