BEC-TERO TV

သားပေါက်ဖို့ နီးစပ်နေပြီဖြစ်တဲ့ လိင်တူချစ်သူ ပင်ဂွင်းငှက် နှစ်ကောင်

14 Aug 2019     1,797 Views


လိင်တူချစ်ကြိုက်မှု သဘာဝဟာ လူသားတွေမှာသာမကပဲ သတ္တဝါတွေဖြစ်တဲ့ ပင်ဂွင်းငှက်တွေမှာလည်း ရှိတယ်လို့ ပြောရင် ယုံနိုင်ပါ့မလား မသိဘူး။ ဒါပေမယ့် တစ်ကယ်ရှိပါတယ်။ ဂျာမဏီနိုင်ငံ ဘာလင်မြို့က တိရိစ္ဆာန်ဥယျာဉ်မှာရှိတဲ့ ‘စကစ်ပါ’ နဲ့ ‘ပင်း’ ဆိုတဲ့ ပင်ဂွင်းငှက် အဖိုနှစ်ကောင်ဟာ လိင်တူချစ်သူ ပင်ဂွင်းငှက်စုံတွဲဖြစ်ပါတယ်။
 
 
အဖိုတို့ရဲ့ သဘာဝအရ ဥ မဥနိုင်ပေမယ့် သူတို့နှစ်ကောင်ရဲ့ ဆန္ဒကတော့ ပင်းဂွင်းသားလေး ရှိတဲ့ မိသားစုဘဝကိုလိုချင်နေကြပါတယ်။ ဒါကြောင့်မို့ သူတို့အနားမှာရှိတဲ့ ကျောက်တုံးလေးတွေ၊ စားစရာလေးတွေကို ပင်ဂွင်းဥလေးလို သဘောထားပြီး ဥဝပ်တမ်း လေ့ကျင့်လေ့ရှိပါတယ်။ 
 
ဒီအလေ့အထဟာ တိရိစ္ဆာန်ဥယျာဉ် လာကြသူတွေကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ပေမယ့် အခုတော့ ပင်ဂွင်းငှက် ကလေးဖြစ်လာမယ့် ဥတစ်လုံးကို သူတို့ကိုယ်တိုင် ဝပ်ခွင့်ရသွားပါပြီ။
 
 
CNN ရဲ့ သတင်းအရ အခြားပင်ဂွင်းငှက်မကြီးတစ်ကောင်က ဥ ဥခဲ့ပြီး  ဥကို ဝပ်မပေးနိုင်တာကြောင့် တိရိစ္ဆာန်ရုံဝန်ထမ်းတွေက ဒီဥကို ‘စကစ်ပါ’ နဲ့ ‘ပင်း’ တို့ စုံတွဲကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင် ‘စကစ်ပါ’ နဲ့ ‘ပင်း’ တို့ဟာ ပင်ဂွင်းဥအစစ်ကို သားပေါက်လေးဖြစ်လာအောင် ဝပ်ပေးနေကြပါပြီ။
 
ဒါပေမယ့် အကောင်ပေါက်မယ်မပေါက်ဖူးဆိုတာ မသေချာသေးဘူးလို့ ဝန်ထမ်းတွေက ဆိုပါတယ်၊ ဥကနေ အကောင်ပေါက်ဖို့ဆိုရင် ၅၅ ရက်ကြာအောင် ဂရုတစိုက်နဲ့ သေသေချာချာ ဝပ်ပေးရမှာဖြစ်ပါတယ်။ အကယ်၍ အကောင်ပေါက်လာခဲ့ရင်တော့ ဒီတိရိစ္ဆာန်ဥယျာဉ်အတွက် ပင်ဂွင်းငှက်ထီးနှစ်ကောင်က စောင့်ရှောက်လို့ မွေးလာတဲ့ ပထမဦးဆုံး ပင်ဂွင်းကလေးလေး ဖြစ်လာမယ်လို့ဆိုပါတယ်။
 
 
‘စကစ်ပါ’ နဲ့ ‘ပင်း’ တို့ဟာ ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂျ် ကနေ ပြီးခဲ့တဲ့ ဧပြီလကမှ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ရောက်လာလာခြင်းမှာပင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ လိင်တူချစ်သူတွေ ဖြစ်တာကို သိသာထင်ရှားစွာတွေ့ရတယ်လို့ ဝန်ထမ်းဖြစ်တဲ့ ‘ဂျာဂါ’ က ဆိုပါတယ်။
 
 
တစ်ကယ်တော့ ‘စကစ်ပါ’ နဲ့ ‘ပင်း’ သာလျှင် လိင်တူခြင်း ချစ်ကြတဲ့ ပင်ဂွင်းငှက် စုံတွဲတွေ မဟုတ်ကြပါဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလဲ လန်ဒန်တိရိစ္ဆာဥယျာဉ်က လိင်တူချစ်သူ ပင်ဂွင်းငှက်စုံတွဲအတွက် အထိမ်းမှတ်ပွဲလေးတစ်ခု လုပ်ပေးခဲ့ပါသေးတယ်။ 
 
လွှင့်ထူထားတဲ့ နဖူးစီးမှာတော့ “အချို့ပင်ဂွင်းငှက်တွေက လိင်တူချစ်သူတွေဖြစ်တယ်ဆိုတာ သဘောပေါက်ပါ” အဓိပ္ပါယ်ရတဲ့ စာတမ်းလေး ရေးထားပါသေးတယ်။ ၂၀၁၅ ခုနှစ်တုန်းက သူတို့နှစ်ကောင်က ကိုယ်တိုင်ဝပ်ပေးတဲ့ ဥလေးကနေ ပက်ဂွင်းငှက်လေး အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။

 


14 Aug 2019     1,797 Views




RELATED

Most Popular of Special or Others

Most Popular of NEWS