ရေဘေးအတွက်ကူညီမှုများပြုလုပ်ပြီးနောက် ဆေးရုံတက်ရောက်ခဲ့ရတဲ့ ကျော်သူ
14 Aug 2019 1,328 Views
တစ်ချိန်ကအနုပညာလောကထဲ အောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး ကျော်သူကိုတော့ ပရိသတ်တွေက ပရဟိတမင်းသားကြီးတစ်ဖြစ်လဲ သိထားကြပါတယ်။ နာရေးကူညီမှုအသင်း ဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားတဲ့ ကျော်သူဟာဆိုရင် အကူအညီလိုအပ်နေသူတွေအတွက် ခိုကိုးရာတစ်ခုဖြစ်သလို စာနာသနားတတ်တဲ့စိတ်အပြည့်ရှိတဲ့ ဦးကျော်သူက ပရဟိတလုပ်ငန်းတွေမှာလည်း စွမ်းစွမ်းတမံပါဝင်ကူညီဆောင်ရွက်ပေးနေသူပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ယခုလည်း မွန်ပြည်နယ်ရှိ ရေဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ ပြည်သူများကိုကူညီဖို့အတွက် အစွမ်းကုန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ရေးဘေးဒုက္ခသည်တွေကို ကူညီနိုင်ရန်ပြင်ဆင်နေသည့် ဦးကျော်သူဆီ အလှူရှင်များကလာရောက်လှူဒါန်းကြသလို သူကိုယ်တိုင်လည်း သိန်း (၁၀၀) ပါဝင်လှူဒါန်းကာ လိုအပ်တဲ့အလှူပစ္စည်းများနဲ့ စားစရာများကိုစီမံခန့်ခွဲပြီး အဖွဲ့သားများနဲ့အတူ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ခဲ့ပါတယ်။
ရေဘေးအတွက် လှူတန်းရန်ပြင်ဆင်မှုတွေပြုလုပ်ပြီးနောက်မှာတော့ ဦးကျော်သူတစ်ယောက် ပါရမီဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ရပါတယ်။ ဆေးလိပ်ကြောင့် ကျန်းမာရေးမကောင်းဖြစ်ခဲ့တဲ့ ဦးကျော်သူက ကျန်းမာရေးစစ်ဆေးမှုတွေ အမြဲမပြတ်လုပ်ဆောင်နေရပြီး မနေ့ညမှာတော့ ပါရမီဆေးရုံမှာ Sleeping Study ( အိပ်စက်နေစဉ် အောက်ဆီဂျင်လည်ပတ်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှု) ကိုပြုလုပ်ခဲ့ရပါတယ်။
ထိုအကြောင်းကိုတော့ ဦးကျော်သူက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ အသိပေးပြောကြားထားတာဖြစ်ပြီး ပရိသတ်တွေက ၀ိုင်းဝန်းစိုးရိမ်ခဲ့ကြသလို ကျန်းမာဖို့အတွက်လည်းဆုမွန်ကောင်းတွေ တောင်းပေးထားကြတာကို တွေ့ရပါတယ်။ အများအကျိုးကိုသယ်ပိုးကူညီနေတဲ့ ပရဟိတသမားကြီး ဦးကျော်သူကို သက်ရှည်ကျန်းမာပါစေလို့ ပရိသတ်ကြီးက၀ိုင်းဆုတောင်းပေးကြပါဦးနော်...
(ပိုပိုလေး)