ပရိတ်သတ်ကို ရင်သပ်ရှုမောဖြစ်သွားစေတဲ့ Sunmi ရဲ့ အဝတ်အစားကြော်ငြာ
14 Aug 2019 1,671 Views
တောင်ကိုးရီးယားနိုင်ငံ တစ်ကိုယ်တော် Kpop idol တစ်ဦးဖြစ်တဲ့ Sunmi ကတော့ ပရိတ်သတ်ကို သူမရဲ့ သူမတူတဲ့ ဖက်ရှင်အလန်းစားတွေနဲ့ အံ့အားသင့်အောင် လုပ်လိုက်ပါပြီ။ Sunmi တစ်ယောက် Backaroo brand ရဲ့ အဝတ်အစားအသစ်တွေကို ဘယ်လို အထာကျကျ ကြော်ငြာသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Kpop idol တွေထဲ ဆွဲဆောင်မှုရှိရှိ ညှို့အားပြင်းတဲ့အလှမျိုး ပိုင်ဆိုင်ထားတဲ့ Sunmi ဟာ dancer Cha Hyun Seung နဲ့အတူ Backaroo brand ရဲ့ အဝတ်အစားကြော်ငြာကို ရိုက်ကူးခဲ့ပါတယ်။
ဒီဓာတ်ပုံတွေကို Backaroo မှ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပေးခဲ့တာပဲဖြစ်ပြီး Sunmi နဲ့ Cha Hyun Seung တို့နှစ်ယောက် လိုက်ဖက်ညီလွန်းတာကြောင့် သမီးရည်းစားတွေလို့တောင် ထင်မှတ်ရတဲ့အထိပါပဲ။
ဓာတ်ပုံထဲမှာ Sunmi နဲ့ Cha Hyun Seung တို့ဝတ်ဆင်ထားတာကတော့ မကြာမီရောက်ရှိတော့မယ့် ဆောင်းဦးနဲ့ ဆောင်းရာသီအတွက် ဖက်ရှင်ဒီဇိုင်းများဖြစ်ပါတယ်။
ညှို့ချက်ပြင်းတယ်လို့ နာမည်ကြီးတဲ့ Sunmi ဟာ ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာဓာတ်ပုံတွေနဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသွားပါပြီ။
Sunmi နဲ့ Cha Hyun Seung တို့ရဲ့ ကကွက်ဆန်ဆန် ကြော်ငြာမှုပုံစံတွေကလဲ အနုပညာလက်ရာမြောက်တာကြောင့် ကြည့်ရသူအဖို့ ရင်သပ်ရှုမောတွေ ဖြစ်ရပါတယ်။
Ref:allkpop
(ပိုပိုလေး)