မန္တလေးမြို့အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(၁၁)ကြိမ်မြောက်ဘွဲ့ယူစွမ်းရည်ပြပွဲပြုလုပ်
04 Sep 2015 1,548 Views
ယဉ်ကျေးမှုဝန်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မန္တလေးမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်(၁၁)ကြိမ်မြောက်ဘွဲ့ယူစွမ်းရည်ပြသမှုအနေနဲ့ဂီတသဘင် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့်စင်တင် တင်ဆက်ပွဲကို မန္တလေးမြို့အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။အဲဒီ(၁၁)ကြိမ်မြောက်ကျောင်းဆင်းလက်ရာမွန်ပြပွဲမှာပန်းချီလက်ရာ ကားပေါင်း(၁၃)ကား၊ ပန်းပုလက်ရာ ၆ ရုပ် ဂီတနှင့်သဘင်ပူးပေါင်းကာစွမ်းရည်တင် ဆက်မှု ၁၄ မျိုးတို့ကိုလည်းတင်ဆက်ပြသပေးခဲ့တာဖြစ်ပါတယ်။မန္တလေးအမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ်ကို ၂၀၀၁ ခုနှစ်နိုဝင်ဘာလ(၅)ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဂီတ သဘင် ပန်းချီ ပန်းပု ဘာသာရပ် ၄ ခုကိုအဓိကသင်ကြားပေးနေတာဖြစ်ပါတယ်။