BEC-TERO TV

ဒိုင်ဘာလာ မန်ယူအသင်းကို မရောက်ရှိခဲ့တဲ့အတွက် သူ့ ခံစားချက်ကိုဖာဒီနန် ပြောကြား

13 Aug 2019     1,516 Views


ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာဟာ မန်ယူအသင်းနဲ့ အပြောင်းအရွေ့ ပျက်ပြယ်ခဲ့တဲ့အတွက်ကြောင့် မန်ယူကစားသမား ဖာဒီနန်က အလွန်ပျော်ရွင်မိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ မပိတ်ခင် ဒိုင်ဘာလာဟာ မန်ယူအသင်းကိုရောက်ရှိဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရပါတယ်။

“ ပြီးခဲ့တဲ့ အပြောင်းအရွေ့ တုန်းက ဒိုင်ဘာလာ မန်ယူအသင်းက ပစ်မှတ်ထားခဲ့တဲ့ ကစားသမား အတော်များများ လွဲချော်ခဲ့ရပါတယ်။ အဲ့တုန်းက ဒိုင်ဘာလားလည်း မန်ယူအသင်းကို ပြောင်းရွေ့ ဖို့ ငြင်းဆန်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ မန်ယူအသင်းက ချန်ပီယံလိဂ် မကစားရတဲ့အတွက်ကြောင့် မပြောင်းရွေ့ ချင်ခဲ့တာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သူ မန်ယူအသင်းကို မပြောင်းရွေ့ ခဲ့တဲ့ ပျော်ရွင်မိပါတယ်။ မန်ယူအသင်းကို မလာချင်တဲ့ ကစားသမားတစ်ယောက် မန်ယူကို မရောက်တဲ့ အတွက် တစ်ကယ့်ကို ဝမ်းသာမိပါတယ်။” လို့ မန်ယူကစားဟောင်း ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီမှာ ကစားသမား (၃) ဦးခေါ်ယူထားနိုင်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁) မှာ  ချဲလ်ဆီးအသင်းနဲ့ တွေ့ ဆုံခဲ့ပြီး ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ခေါ်ယူထားတဲ့ ကစားသမား (၃) ဦးစလုံး ခြေစွမ်းပြကစားထားနိုင်ခဲ့ပြီး တိုက်စစ်ကစားသမား ဒန်နီရယ် ဂျိမ်းဟာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။


13 Aug 2019     1,516 Views




RELATED

Most Popular of Football

Most Popular of Sport