မွေးနေ့အလှူအဖြစ် ဗိုလ်တထောင်ဆိပ်ကမ်းတွင် စတုဒီသာလှူဒါန်းခဲ့တဲ့ ဖွေးဖွေး
09 Aug 2019 2,958 Views
အနုပညာအရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကအခိုင်အမာအားပေးနေကြပြီး ပြည်သူ့အချစ်တော်ရွှေမင်းသမီးလေးဖြစ်တဲ့ ဖွေးဖွေးကတော့ အောင်မြင်မှုတွေများစွာကိုရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုဖြူစင်တဲ့ ချစ်စဖွယ်အမူအယာလေးတွေကြောင့် ပရိသတ်တွေက သူမကိုဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ကြတာလည်းဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ကတော့ ဖွေးဖွေးရဲ့ အသက် (၃၁) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာတော့ ဖွေးဖွေးက မွေးနေ့ကုသိုလ်အဖြစ် ဗိုလ်တထောင်ဆိပ်ကမ်းမှာ စတုဒီသာအလှူကိုပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ် လူအယောက် (၅၀၀)စာ ထမင်းနဲ့ ဘဲဥသီးစုံကုလားဟင်းကို စေတနာ၊ မေတ္တာအပြည့်ဖြင့် သူမကိုယ်တိုင်ချက်ပြုတ်ပြီး နေ့လည်စာလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
ဗိုလ်တထောင်ဆိပ်ကမ်းမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ကိုယ်တိုင်ကိုယ်ကျနေ့လည်စာလှူဒါန်းနေတဲ့ ဖွေးစိန်ရဲ့ဗီဒီယိုနဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဒါ့အပြင် ယနေ့ည (၈) နာရီမှာလည်း ရွှေတိဂုံဘုရားမှာ ဆီမီးတစ်သောင်းကပ်လှူပူဇော်သွားမယ်လို့သိရပါတယ်။
အနုပညာပိုင်းနဲ့ပတ်သက်ရင် အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ဖွေးစိန်လေးတော့ အကယ်ဒမီဆုကြီး (၃) ဆုကိုရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ရုပ်ရှင်တိုင်းကလည်း ရုံပြည့်ရုံလျှံ ကြိတ်ကြိတ်တိုးဖြစ်သည်အထိ အောင်မြင်ခဲ့တာပါ။ ယခုလည်း သူမပါဝင်ထားတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ကားကြီးကို ရုံတင်ပြသနေပြီဖြစ်ပြီး လူကြိုက်များကာ မှတ်ချက်ကောင်းတွေရရှိထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
(ပိုပိုလေး)