မိဘအုပ်ထိန်းသူများနဲ့ဝေးကွာရခြင်းကြောင့်ကလေးငယ်များအကြမ်းဖက်မှုမြင့်တက် လာ
04 Sep 2015 1,450 Views
မိဘအုပ်ထိန်းသူတွေအနေနဲ့အဝေးမှာအလုပ်လုပ်နေကြပြီးကလေးတွေဟာမိဘအုပ် ထိန်းသူတွေနဲ့ခွဲခွာအထီးကျန်နေ နေရလို့အလမြို့နယ်မှာကလေးငယ်တွေအကြမ်းဖက် ခံရနှုန်းမြင့်တက်လာတယ်လို့ကလေးငယ်တွေအကြမ်းဖက်ခံရမှုကိုကာကွယ်ရေးလုပ် ဆောင်နေတဲ့အဖွဲ့တွေကပြောပါတယ်။ယခု(၂၀၁၅)အတွင်းဒလမြို့နယ်မှာအကြမ်းဖက်လုယက်မှုတွေအများဆုံးဖြစ်ပွားခဲ့ပြီးဒီထဲကမှကလေးသူငယ်တွေအကြမ်းဖက်ခံရတာအများဆုံးဖြစ်တယ်လို့သိရပါတယ်။ဒလမြို့နယ်မှာနေထိုင်သူအများစုဟာကျောင်းတွင်းအ ကြမ်းဖက်ခံနေရသလို၊ အသက်မပြည့်သေးဘဲ လုပ်ငန်းခွင်ဝင်ရတဲ့အတွက်စီးပွားရေး ဆိုင်ရာခေါင်းပုံဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်းကြုံနေရတယ်လို့ သိရပါတယ်။