BEC-TERO TV

ထူးထူးခြားခြား ပြင်ဆင်ထားခြင်းမရှိလဲ ရိုးရိုးလေးနဲ့လှနေတဲ့ Blackpink

09 Aug 2019     1,472 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဖွဲ့ Blackpink ဟာဆိုရင် သြဂုတ်လ ၈ ရက်နေ့မှာ idols အဆိုတော်အဖြစ် ပွဲဦးထွက် သက်တမ်း (၃) နှစ်တိတိရှိခဲ့ပြီပဲဖြစ်ပါတယ်။ Blackpink ဟာ Square One album နဲ့ ပရိတ်သတ်ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ သုံးနှစ်တာကာလအတွင်း အမေရိကကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့အထိ အောင်မြင်လာခဲ့ပါပြီ။ Jennie, Jisoo, Lisa, Rose’ တို့ လေးယောက်လုံးဟာ တစ်ယောက်တစ်မျိုး မတူညီတဲ့ talents တွေကို ကိုယ်စီပိုင်ဆိုင်ကြပြီး တစ်ယောက်တစ်မျိးစီ ချစ်ဖို့ ကောင်းနေတော့တာပါပဲ။ မိတ်ကပ်မပါတဲ့ သူတို့ရဲ့  ပင်ကိုယ်အလှကရော ဘယ်လိုဖြစ်မလဲ ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink  ရဲ့ မန်နေဂျာဟာ ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့မှာ ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Blackpink အဖွဲ့ရဲ့ ဓာတ်ပုံနှစ်ပုံကို အင်စတာဂရမ်အကောင့်မှတစ်ဆင့် ဝေမျှလာပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ Jennie နဲ့ Jisoo ကဆံပင်အနက်ရောင်၊ Rose’ နဲ့ Lisa ကအဆံပင်အညိုရောင် ဆိုးထားတာတွေ့ရပြီး ဘာမှ ထူးထူးခြားခြား ပြင်ဆင်ထားခြင်းမျိုးလဲမရှိပါဘူး။

Blackpink အဖွဲ့ဝင် လေးယောက်ကို ပရိတ်သတ်တွေက ဖျော်ဖြေမှုပုံစံတွေသာ မြင်တွေ့နေကြဖြစ်ပြီး ဒီလို မိတ်ကပ်သိပ်မလိမ်းထားတဲ့ ပေါ့ပေါ့ပါးပါး ပုံစံလေးက မြင်ရခဲလှပါတယ်။ အခုလို ပုံစံလေးက stage မှာ ဖျော်ဖြေနေတဲ့ ပုံထက် ရိုးရိုးလေးနဲ့ မျက်စိထဲက မထွက်နိုင်တော့အောင် လှနေတော့တာပါပဲ။

Blackpink ရဲ့ သဘာဝအလှတွေမှာ Blinks လေးတွေ ကြွေကျသွားလောက်မယ်ထင်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)


09 Aug 2019     1,472 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS