ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့တဲ့ ဆရာမကို အရေးယူဖို့ စုံစမ်းစစ်ဆးနေ
08 Aug 2019 1,611 Views
ဆရာမ၏ အဆိုပါလုပ်ရပ်ကို မကျေနပ်သောကြောင့် ကျောင်းသားမိဘများက သြဂုတ် ၅ ရက်နေ့တွင် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် တိုင်ကြားစားပို့ခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ပါက်တတ်ပြီး “အခုလို လုပ်ရပ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ကို မစင်သုတ်လိမ်းတယ်ဆိုတာ ပြောမယ်ဆိုရင် လူမျက်နှာနဲ့ မစင်ဟာ မအပ်စပ်တဲ့ အရာပါ။ ဒါ လူ့ဂုဏ်သိက္ခာ၊ ကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာ၊ နောက် ဆရာမက တကယ်လုပ်တာလား။ ဟုတ်တယ် ဆိုရင် ဆရာ၊ ဆရာမရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာပေါ့နော်။
တကယ်တမ်း လုပ်ရမယ့်ဟာတွေကတော့ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာ ပညာရေးပိုင်းအကြီးအကဲတွေက အောက်ခြေအထိ စုံစမ်းစစ်ဆေးရမဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်တမ်းမှန်လို့ရှိရင် အရေးယူတဲ့အပိုင်းတွေ ဖြစ်သင့်တာပေါ့လေ။ ”လို့ ရှမ်းပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောကြားခဲ့ပါတယ်။
Ref mizzima