BEC-TERO TV

ရည်းစားဟောင်း ထောင်ချခံရပြီးနောက် ပျော်ပျော်စွာ ပြန်လည်မြင်တွေ့ရတဲ့ Goo Hara

08 Aug 2019     1,722 Views


ယခင် KARA အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် Goo Hara ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၁၈ မှာ ချစ်သူကောင်လေးရဲ့ ရိုက်နှက်နှိပ်စက်ခြင်းကိုခံခဲ့ရပါတယ်။ အဆိုပါ ကိစ္စဖြစ်ပွားပြီးနောက် Goo Hara ဟာ သူမချစ်သူ Choi Jung Bum ကိုတရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ Goo Hara ဟာ အမှုရင်ဆိုင်နေရပြီး ခန္ဓာကိုယ်ပိုင်းဆေးကုသမှုခံနေရရုံသာမက စိတ်ပိုင်းဆိုင်ရာပါ ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားရလောက်တဲ့အထိ စိတ်ထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Goo Hara ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ Goo Hara ရဲ့ ရည်းစားဟောင်း Choi Jung Bum ကိုယ်ထိလက်ရောက် စော်ကားမှု၊ အကြမ်းဖက်မှုတို့ဖြင့် ထောင်ဒဏ်(၃)နှစ်တိတိ တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အရင်လတွေက Choi Jung Bum ဟာ အမှုမှအပြစ်ကင်းစင်ကြောင်း ပြသပြီး ကွင်းလုံးကျွတ်လွတ်မြောက်တော့မယ့် အခြေအနေဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ Goo Hara ဘက်က အမှုနိုင်သွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမကို နှိပ်စက်ထားတဲ့ ရည်းစားဟောင်း ထောင်ထဲရောက်သွားပြီမို့ Goo Hara တစ်ယောက် စိတ်အေးသွားရပုံပါပဲ။ သူမ အင်စတာဂရမ်အကောင့်ကနေ ပရိတ်သတ်တွေ စိတ်မပူရအောင် ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။

Goo Hara အနုပညာအလုပ်များကို ကိုးရီးယားမှာ လုပ်ကိုင်ခြင်းမရှိတော့ပဲ ဂျပန်မှာသာ ဆက်လက်လှုပ်ရှားနေကြောင်း သိရပါတယ်။ လူရော၊ စိတ်ပါ နေကောင်းကျန်းမာစွာမြင်တွေ့ရတဲ့အတွက် ဝမ်းသာစရာပါပဲ။

Ref:allkpop

(ပိုပိုလေး)


08 Aug 2019     1,722 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS