ပွဲဦးထွက် (၃) နှစ်ပြည့်မှာ လွတ်လပ်စွာရည်းစားထားခွင့်ရရှိသွားပြီဖြစ်တဲ့ Blackpink
08 Aug 2019 1,613 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာပဲ ပွဲဦးထွက် သုံးနှစ်ပြည့်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေ့မှာ Blackpink ပွဲဦးထွက် album ဖြစ်တဲ့ Square One ထွက်ရှိခဲ့တာဖြစ်ပါတယ်။ YG Entertainment ရဲ့စည်းမျဉ်းဥပဒေအရ Blackpink အဖွဲ့ဝင်တွေဟာ ပွဲဦးထွက်ပြီး သုံးနှစ်ပြည့်သည့်တိုင်အောင် ရည်းစားထားခွင့်မရှိပါဘူး။ အေဂျင်စီအနေနဲ့ ဘာကြောင့်ဒီလို စည်းကမ်းချက်မျိုး ချမှတ်ရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
တောင်ကိုးရီးယားနိုင်ငံရှိ Kpop idols အများစုဟာ သက်ဆိုင်ရာအေဂျင်စီများက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရပါတယ်။ များပြားလှတဲ့ စည်းမျဉ်းတွေကြားက dating ban ဆိုတာပါရှိနေပြီး idols အဆိုတော်တွေဟာ ၃ နှစ်(သို့) ၅ နှစ်အထိ ရည်းစားထားခွင့်မရှိပါဘူး။
Blackpink ကို YG Entertainment က သတ်မှတ်ထားတဲ့ Dating Ban ကတော့ သုံးနှစ်ဖြစ်ပြီး ယနေ့ သြဂုတ် ၈ ရက်နေ့မှာပဲ ပွဲဦးထွက်ပြီး ၃ နှစ်ပြည့်သွားပြီဖြစ်လို့ လွတ်လပ်စွာ ရည်းစားထားခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်။
Blackpink ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေ့ဒီရက်မှာပဲ ပွဲဦးထွက်သီချင်းများဖြစ်တဲ့ ‘Boombayah’ နဲ့ ‘Whistle’ တို့ထွက်ရှိခဲ့ပြီး အတိုင်းထက်အလွန် လူကြိုက်များခဲ့ပါတယ်။ လက်ရှိမှာ Blackpink အဖွဲ့ဝင် Jisoo က ၂၄နှစ်၊ Jennie က ၂၃ နှစ်၊ Lisa က ၂၂ နှစ်၊ Rose’ ကလဲ ၂၂ နှစ် ရှိကြပြီပဲဖြစ်ပါတယ်။ အဖွဲ့ဝင်လေးယောက်လုံးကလဲ ရည်းစားထားတဲ့ အရွယ်ရောက်နေပြီဖြစ်လို့ အခုလို သုံးနှစ်ပြည့်တဲ့ နေ့မှာ လွတ်လပ်စွာ ရည်းစားထားခွင့်ရတာဟာ ဂုဏ်ယူစရာပါပဲ။
(ပိုပိုလေး)