BEC-TERO TV

ထိုင်းနိုင်ငံတွင် ဘီယာပုလင်းခွံများနဲ့ စေတီပုထိုးတည်

07 Aug 2019     1,679 Views


ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းတွင်ရှိသော ‘ကော့ဖငန်(Ko Pha-ngan)’ ကျွန်းလေးဟာ လစဉ်လတိုင်း လပြည့်နေ့ဆိုရင် ပျော်ပါးစရာတွေနဲ့ စည်ကားပြီး ညလုံးပေါက်ပြုလုပ်တဲ့ ပါတီပွဲတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ကျော်ကြားထင်ရှားတဲ့ ကျွန်းလေးဖြစ်ပါတယ်။ 
 
ကော့ဖငန်ကျွန်းလေးပေါ်မှာ ရှိတဲ့ ‘တောင်နိုင်ဖန်’ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက သံဃာတော်တွေက စေတီတည်ထားကိုးကွယ်ဖို့ ဆန္ဒရှိကြပြီး တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ အခက်အခဲရှိနေခဲ့ကြပါတယ်။
 
 
စေတီကို အုတ်နဲ့ဆောက်မလား၊ သစ်သားနဲ့တည်မလား၊ ဘိလပ်မြေနဲ့ လောင်းပြီးဆောက်မလား အမျိုးမျိုး စဉ်းစားခဲ့ကြပြီး နောက်ဆုံးမှာတော့ လပြည့်ညတိုင်း ကျွန်းပေါ်မှာ လာရောက်သောက်စားကြတဲ့ ပါတီပွဲတွေက ကျန်ခဲ့တဲ့ တောင်ပုံရာပုံ ဘီယာပုလင်းခွံတွေနဲ့ စေတီတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
 
 
 
ကျွန်းပေါ်မှာ ရှိတဲ့ အရက်ဆိုင်တွေ၊ အပန်းဖြေစခန်းတွေကလည်း သူတို့ဆီမှာပုံနေတဲ့ ဘီယာပုလုင်းခွံတွေကို စေတီတည်ဆောက်ရာမှာ သုံးဖို့ ရက်ရက်ရောရောပဲ လှူဒါန်းကြပါတယ်။ အခုဆိုရင် ဉာဏ်တော်အမြင့် ၁၀ မီတာ (၃၂ ပေခန့်) ရှိတဲ့ စေတီကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ 
 
 
ဘီယာစေတီ တည်ဆောက်ရေးလုပ်ငန်းက နောက်ထပ် လအနည်းငယ်အတွင်းမှာ ပြီးစီးမှာဖြစ်ပြီး ဒီစေတီဟာ ပါတီပွဲတွေမှာ အမှတ်တမဲ့ သောက်ကြစားကြရင်း ရလာတဲ့ ဘီယာပုလင်းခွံတွေနဲ့ တည်ဆောက်ထားပါလားဆိုတဲ့ အသိတစ်ခုကို ဒေသခံတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေ ဉာဏ်အလင်းရ ဆင်ခြင်နိုင်စေမယ့် ပြယုဂ်တစ်ခု ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ သံဃာတော်တွေက မိန့်ကြားခဲ့ပါတယ်။
 

07 Aug 2019     1,679 Views




RELATED

Most Popular of Special or Others

Most Popular of NEWS