မန်ယူအသင်းကို ငြင်းခဲ့ပြီး စပါးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ ဒိုင်ဘာလာ
07 Aug 2019 1,456 Views
ဂျူဗင်တပ်စ်အသင်းဟာ အသင်းတိုက်စစ်မှူး ဒိုင်ဘာလားကို ပေါင် သန်း(၇၀)ဖြင့် ခေါ်ယူဖို့ စပါးအသင်း၏ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ဒိုင်ဘာလာဟာ ခြေစွမ်းပြဖို့ရုံးကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၂) ပွဲကစားရာ၌ (၁၀) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အသက် (၂၅) နှစ်အရွယ် ဒိုင်ဘာလာကို မန်ယူအသင်းက ခေါ်ယူဖို့အလို ရှိခဲ့ပေမယ့် ပြောင်းရွေ့ ကြေး ကိစ္စတွေနဲ့ ကစားသမား စိတ်ဆန္ဒမရှိတာကြောင့် အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရပါတယ်။ ဒိုင်ဘာလာဟာ ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၃၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့် (၄) ရာသီကြာကစားကာ ဆုဖလား (၉) လုံးအထိရယူနိုင်ခဲ့ပါတယ်။
စပါးအသင်းဟာ ယခုနွေရာသီအပြောင်းအရွေ့ မှာကစားသမား (၄) ဦးခန့်ခေါ်ယူထားပြီး ပေါင် သန်း(၇၀) ခန့်အသုံးပြုထားပါတယ်။ ယခု ဒိုင်ဘာလာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပါးအသင်းက ဘာစီလိုနာ ကော်တင်ဟိုကို အငှားဖြင့် ခေါ်ယူဖို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။