ရွန်းနီကို ကစားသမား/နည်းပြ ရာထူးဖြင့် ဒါဘီကမ်းလှမ်း
06 Aug 2019 1,564 Views
ဒီစီ ယူနိက်တက် တိုက်စစ်မှူး ဝိန်း ရွန်းနီကို ဒါဘီအသင်းက ကစားသမား / နည်းပြ အဖြစ် ခန်အပ်ဖို့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ရွန်းနီဟာ မန်ယူအသင်းနှင့် အင်္ဂလန်အသင်းကစားသမားဟောင်း တစ်ဦးဖြစ်ပြီး အောင်မြင်မှု ဆုဖလားတွေကို ရရှိထားပါတယ်။ လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်အသင်းမှာကစားနေပြီး ဒါဘီအသင်းက ကမ်းလှမ်းခဲ့တာကြောင့် မိခင်နိုင်ငံကို ပြန်ပြီး ခြေချနိုင်တော့မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။
ဒါဘီအသင်းဟာ ပြီးခဲ့တဲ့လပိုင်းမှ ဘာစီလိုနာကစားသမားဟောင်း ဖီလစ် ကိုကာကို နည်းပြအဖြစ် (၅) နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် ကိုကာနဲ့အတူ တွဲဖက်ဆောင်ရွတ်ဖို့အတွက် ရွန်းနီကို ကစားသမား / နည်းပြအဖြစ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ရွန်နီဟာ အင်္ဂလန်မှာ အတွေ့ အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပြီး မန်ယူအသင်းနဲအတူ အောင်မြင်မှု ဆုဖလားတွေကို ရရှိထားပါတယ်။ အင်္ဂလန်အသင်းနဲ့လည်း ပွဲပေါင်း (၁၂၀) ကစားထားပြီး (၅၃) ဂိုးသွင်းယူထားတယ်။
“ကျွန်တော် ကစားသမားဘဝကနေ အနားယူပြီးရင် နည်းပြဘဝကို ဆက်လျှောက်ဖို့ ရည်မှန်းထားပါတယ်။ ယခု ဒါဘီအသင်းက ကျွန်တော်ကို ကစားသမား / နည်းပြ လုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ လောလောဆယ်တော့  ကစားသမားအဖြစ် ဖြတ်သန်းချင်သေးတာကြောင့် ကမ်းလှမ်းမှုကို လက်ခံသွားဖို့ စဉ်းစားရဦးမှာပါ ။” လို့ ရွန်းနီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒါဘီအသင်းကို အင်္ဂလန်ကစားသမားဟောင်း ဖရန့် လမ်းပတ်က တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ် တန်းတက်ဝင်ခွင့်အထိ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ယခုလည်း အင်္ဂလန်ဝါရင့် ကစားသမားဟောင်းဖြစ်တဲ့ ဝိန်း ရွန်းနီကို ခန့်အပ်လိုတာဖြစ်ပါတယ်။