Kang Daniel နဲ့ Jihyo ကိုမိတ်ဆက်ပေးမိတာကြောင့် အပြစ်တင်ခံနေရတဲ့ Seulong
06 Aug 2019 1,420 Views
တောင်ကိုးရီးယား နာမည်ကျော် Kpop စတားနှစ်ယောက်ဖြစ်တဲ့ Kang Daniel နဲ့ Jihyo တို့နှစ်ယောက်ဟာ ဒိတ်နေပြီ ဖြစ်ကြောင်း Dispatch မီဒီယာမှ ဓာတ်ပုံများနှင့်တကွ ချပြခဲ့ပါတယ်။ အဆိုပါ ကိစ္စပြီးနောက် နှစ်ဦးနှစ်ဖက်အေဂျင်စီများမှ သူတို့နှစ်ယောက် အမှန်တကယ်တွဲနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နှစ်ယောက်လုံးက စီနီယာအဆိုတော်မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးသူကတော့ 2AM အဖွဲ့မှ Seulong ဖြစ်ပြီး အခုဆိုရင် Jihyo နဲ့ Kang Daniel တို့ရဲ့ ပရိတ်သတ်များက Seulong ကို ဝိုင်းဝန်းတိုက်ခိုက်နေကြပြီပဲဖြစ်ပါတယ်။ Seulong တစ်ယောက် ဘယ်လို တိုက်ခိုက်ခံနေရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
2AM အဖွဲ့ဝင် Seulong နဲ့Twice အဖွဲ့ခေါင်းဆောင် Jihyo တို့ဟာ JYP Entertainment လက်အောက်က အဆိုတော်တွေဖြစ်တာကြောင့် စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးရှိသူတွေပဲဖြစ်ကြပါတယ်။
Kang Daniel ဟာ wannaone အဖွဲ့နဲ့အတူ ပရိုမိုးရှင်းဆင်းနေစဉ်ကာလက Seulong နဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။ Seulong က Kang Daniel နဲ့ Jihyo တို့ကို မိတ်ဆက်ပေးတာကြောင့် နှစ်ယောက်သား ခင်မင်ခဲ့ကြပြီး ၂၀၁၉ နှစ်အစပိုင်းလောက်မှာကတည်းက ဒိတ်ခဲ့ကြကြောင်း သိရပါတယ်။
Kang Daniel ရော Jihyo ပါ နှစ်ယောက်လုံးက ပရိတ်သတ်ချစ်တဲ့ idol အဆိုတော်တွေ ဖြစ်တာကြောင့် နှစ်ဖက်ပရိတ်သတ်များက ဒီကိစ္စကို လက်ခံနိုင်ဟန် မပေါ်သေးပါဘူး။ သူတို့နှစ်ဦးကို မိတ်ဆက်ပေးခဲ့တဲ့ Seulong ကို ပြစ်တင်ပြောဆိုလာကြပါတယ်။
“လူတွေကို ဘယ်လိုမိတ်ဆက်ပေးရမယ်ဆိုတာ မသိဘူးလား၊ မိတ်ဆက်ပေးသင့်တဲ့ လူလား မပေးသင့်တဲ့လူဆိုတာတော့ ခွဲခြားသိသင့်ပါတယ်”
“ခင်ဗျားကတော့ ဘာရယ်မဟုတ်မိတ်ဆက်ပေးလိုက်တာပဲ ဒါက တစ်စုံတစ်ယောက်ရဲ့ဘဝကို ဟိုးအောက်ထိ ဆွဲချသွားနိုင်တယ်”
“ရည်းစားထားချင်းရင် ကိုယ့်ဟာကိုယ်ထားလေ ဘာလို့သူများတွေကို လိုက်မိတ်ဆက်ပေးနေတာလဲ”
“ခင်ဗျားရူးသွားပြီလား ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ ဘာလို့လျှာရှည်ရတာလဲ”
“ခင်ဗျားဟာခင်ဗျား အေးဆေးစစ်မှုထမ်းနေတာပဲကောင်းတယ်၊ စစ်မှုထမ်းပြီးပြီဆိုလဲ ပြန်ပြီး သွားအမှုထမ်းချေ”
အစရှိသဖြင့် ပြစ်တင်ဝေဖန်ထားကြပါတယ်။
Ref:allkpop
(ပိုပိုလေး)