BEC-TERO TV

ပိုက်ဆံအများဆုံးသုံးတဲ့ အဖွဲ့ဝင်က Lisa ဖြစ်ကြောင်း ပြောပြလာတဲ့ Blackpink

05 Aug 2019     1,663 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် လတ်တလော ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကြား လူသိများရေပန်းစားနေတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Blackpink ဟာ Akdong musician မှ Lee Suhyun ရဲ့ ရေဒီယိုရှိုး အစီအစဉ်မှာပါဝင်ခဲ့ရာက သူတို့ရဲ့ နေ့စဉ် ဘဝနေထိုင်မှုပုံစံတွေကို ဆွေးနွေးပြောကြားသွားပါတယ်။ Blackpink အဖွဲ့ဝင်တွေရဲ့ နေ့စဉ်နေထိုင်မှု ဘဝပုံစံက ဘယ်လိုပုံစံမျိုးဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink အဖွဲ့ဝင်တွေဟာ ရေဒီယို လေလှိုင်းမှတစ်ဆင့် ပရိတ်သတ်တွေ မေးမြန်းတဲ့ မေးခွန်းတွေကို တစ်ခုချင်းစီ ဖြေကြားပေးခဲ့ပါတယ်။ ထိုအထဲကမှ ပရိတ်သတ်တစ်ဦးက “Blackpink မှာ ပိုက်ဆံအများဆုံးသုံးတဲ့ အဖွဲ့ဝင်က ဘယ်သူလဲ” ဆိုပြီးမေးမြန်းခဲ့ပါတယ်။

အဆိုပါ မေးခွန်းကို Blackpink မှာ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jisoo ကဖြေကြားပေးခဲ့ပါတယ်။

“ကျွန်မတို့ dorm မှာနေရင် Lisa ကအစားအသောက်တွေမှာပြီး ဝယ်ကျွေးလေ့ရှိတယ်၊ ကျွန်မတို့ထဲမှာ ဖုန်းထဲက မိုဘိုင်းအပလီကေးရှင်းထဲမှာ အကောင့်ဖွင့်တာက Lisa တစ်ယောက်ထဲရှိတယ်၊ ဒါကြောင့် မုန့်မှာရင် Lisa ပဲမှာဖြစ်ရင်းက ကျွန်မတို့ကို အမြဲတမ်း ဝယ်ကျွေးဖြစ်နေတာပါ ဒါကြောင့် သူကအဖွဲ့ဝင်တွေထဲမှာ ပိုက်ဆံအများဆုံး သုံးသူပါပဲ၊ ငါတို့ကောင်းကောင်းစားခဲ့ရပါတယ် ကျေးဇူးတင်ပါတယ် Lisa” ဆိုပြီး ပြောကြားသွားပါတယ်။

Lisa ဟာ Blackpink မှာ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပေမယ့် အစ်မတွေကို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးတတ်သလို မုန့်တွေလဲ ဝယ်ကျွေးတတ်တဲ့ ကောင်မလေးပါပဲ။

Ref:allkpop

(ပိုပိုလေး)


05 Aug 2019     1,663 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS