BEC-TERO TV

ကွန်မြူနတီဒိုင်း မန်စီးတီး နဲ့ လီဗာပူးလ်ပရိသတ်တို့ရဲ့ ရန်ပွဲ (ရုပ်သံ)

05 Aug 2019     1,583 Views


သြဂုတ်လ ၄ ရက်နေ့ (တနင်္ဂနွေနေ့) က မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ကွန်မြူနဒီဒိုင်း အတွက် အင်္ဂလန်နိုင်ငံမှာရှိတဲ့ ဝမ်ဘလေဘောလုံးကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပွဲကို သွားရောက်အားပေးခဲ့ကြတဲ့ နှစ်ဖက်အသင်းရဲ့ ပရိသတ်တွေဟာ မြေအောက်ရထားပေါ်မှာ ခိုက်ရန်ဖြစ်ပွားပြီး အပြန်အလှန်ထိုးကျိတ်ခဲ့တဲ့ ရုပ်သံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
 
ဒီပွဲကို အားပေးဖို့ ဝမ်ဘလေကွင်းကို သွားခဲ့ကြတဲ့ နှစ်ဖက်အသင်းရဲ့ ဖန်တွေဟာ မြေအောက်ရထားပေါ်မှာ ဆုံကြပြီး ရထားဘူတာမှာ ဆိုက်တယ်ဆိုရင်ပဲ နှစ်ဦးနှစ်ဖက် အပြန်အလှန် ငြိကြပြီး ရထားရဲ့ တံခါးဝမှာ ထိုးနှက်နေကြတာကို ရုပ်သံမှာ တွေ့ခဲ့ရပါတယ်။
 
 
ဖြစ်စဉ်ဟာ အဆိုပါနေ့ နေ့လည် ၂ နာရီမှာ ဖြစ်ပွားခဲ့ကြောင်း ဗြိတိသျှသယ်ယူပို့ဆောင်ရေးရဲက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘောလုံးအသင်းဖန် နှစ်ဖွဲ့ ရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းနေကြောင်းနဲ့ လက်ရှိမှာတော့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူထားခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
 
ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာတော့ မန်စီးတီးအသင်းက လီဗာပူးလ်အသင်း က မိနစ် ၉၀ ထိ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်လ်တီ အဆုံးအဖြတ်ကန်သွင်းကြရာမှာ မန်စီးတီးက ၅ ဂိုး၊ လီဗာပူးလ်က ၄ ဂိုးသာ ရရှိခဲ့တာကြောင့် မန်စီတီးအသင်းက အနိုင်ရသွားခဲ့ပါတယ်။
 

05 Aug 2019     1,583 Views




RELATED

Most Popular of Football

Most Popular of NEWS