တစ်ကိုယ်တည်း နွေရာသီ အပန်းဖြေခရီးထွက်နေတဲ့ ဦးဦး Gong Yoo ၏ ပုံရိပ်များ
01 Aug 2019 1,470 Views
တောင်ကိုးရီးယား နိုင်ငံ နာမည်ကျော်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ Train To Busan မှ မင်းသားကြီး Gong Yoo ဟာ ဆိုရင် ဒီရက်ပိုင်းတွေမှာ တစ်ကိုယ်တည်း နွေရာသီ အပန်းဖြေခရီး ထွက်ရှိနေတာပဲဖြစ်ပါတယ်။ ဦးလေးကြီးဟာ Goblin (မှင်စာ) ဇာတ်ကားရိုက်ကူးပြီးကတည်းက ဇာတ်လမ်းတွဲအသစ် ရိုက်ကူးခြင်းမျိုး မရှိသေးပါဘူး။ ဒီကြားထဲ ကုန်ပစ္စည်းကြော်ငြာတွေပဲဆက်တိုက်ရိုက်ကူးနေတာကြောင့် ဦးဦး Gong Yoo ရဲ့ ပရိတ်သတ်တွေ ဦးလေးကြီးကို လွမ်းနေကြမှာအမှန်ပါပဲ။ နွေရာသီမှာ အလည်အပတ်ခရီးသွားနေတဲ့ ဦးလေးကြီးရဲ့ ပုံရိပ်တွေကို ပိုပိုလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
တောင်ကိုးရီးယားမှာ မတ်လကနေ မေလပိုင်းထိဟာ နွေဦးရာသီဖြစ်ပြီး ဇွန်လကနေ သြဂုတ်လ အထိကတော့ နွေရာသီ အချိန်အခါပဲဖြစ်ပါတယ်။
တောင်ကိုးရီးယားရဲ့ နွေရာသီအချိန်အခါဟာ ပူပြင်းလွန်းတာကြောင့် လုပ်သားပြည်သူအချို့တောင် မဖြစ်မနေ အနားယူကြကြောင်း သိရှိရပါတယ်။ ပရိတ်သတ်ကြီးချစ်တဲ့ ဦးလေးကြီး Gong Yoo ဟာလဲ နွေရာသီအချိန်အခါမျိုးမှာ အလုပ်တွေကို ခေတ္တမေ့ထားပြီး တစ်ကိုယ်တည်း အပန်းဖြေနေခဲ့တာပါ။
Gong Yoo ရဲ့ အေဂျင်စီ Soop Management မှာ ဦးလေးကြီးရဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်မှ တစ်ဆင့် ဝေမျှပေးခဲ့ပါတယ်။
“နွေရာသီရောက်တဲ့အချိန်တိုင်း တစ်စုံတစ်ယောက်ကို လွမ်းဆွတ်မိတာမျိုးတွေ ရှိဖူးကြတယ်မဟုတ်လား? ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက အပန်းဖြေနေတဲ့ Gong Yoo ရဲ့ ဓာတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ မိတ်ဆွေတို့ကိုယ်တိုင်လဲ နွေရာသီရဲ့ အမှတ်တရတွေကို မှတ်တမ်းတင်ထားတာရှိရင် ဝေမျှလိုက်ပါ။” ဟု ရေးသားထားပါတယ်။
ပရိတ်သတ်ကြီးချစ်တဲ့ မင်းသားကြီး Gong Yoo ကတော့ နွေရာသီမှာ တစ်ကိုယ်တည်း သာယာနေပါပြီ။ ဇာတ်လမ်းတွဲရော ရုပ်ရှင်ကားတွေပါ ရိုက်ကူးခြင်းမရှိသေးပဲ အနားယူနေတဲ့ ဦးလေးကြီးရဲ့ ဇာတ်ကားအသစ်တွေကို ပိုပိုလေးနဲ့အတူ စောင့်မျှော်လိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
Ref:koreaboo
(ပိုပိုလေး)