BEC-TERO TV

အသက် ၅၀ အထိ တစ်ခါမှ ကားမမောင်းဖူးတဲ့ ဂျေလို ကားလက်ဆောင်ရသောအခါ (ရုပ်သံ)

31 Jul 2019     1,691 Views


ကမ္ဘာကျော်အဆိုတော် ရုပ်ရှင်မင်းသမီး ‘ဂျနီဖာလိုပက်စ်’ ဟာ ပြီးခဲ့တဲ့ အပတ်က အသက် ၅၀ ပြည့်သွားခဲ့ပါပြီ။ မွေးနေ့မှာ သူမရဲ့ချစ်သူ ဘေ့စ်ဘောကစားသမား Alex Rodriguez က ၂၀၁၉ ခုနှစ်ထုတ် တန်ဖိုးကြီး Porsche အမှတ်တံဆိပ်ပြိုင်ကား 911 Carrera GTS အနီရောင်ကို မွေးနေ့လက်ဆောင်အဖြစ် တယ်ပေးလိုက်ပါတယ်။
 
 
‘ဂျနီဖာလိုပက်စ်’ ဟာ သူ့မရဲ့ဘဝမှာ ဒီလိုကားမျိုးကို တစ်ခါမှ မမောင်းဘူးသလို ဘယ်ကားအမျိုးအစာကိုမှလည်း သူကိုယ်တိုင် မမောင်းကြည့်ဖူးဘူးလို့ ဖွင့်ပြောခဲ့ပါတယ်။ ကားမောင်းသင်တန်းအောင်မြင်ပြီး ယာဉ်မောင်းလိုင်စင်ရထားပေမယ့် တစ်ခါမှ ကားကိုယ်တိုင်မမောင်းခဲ့ဖူးပါဘူး။
 
ဒီကားကို သူမကို လက်ဆောင်ပေးဖို့အတွက် Alex Rodriguez ရဲ့ သမီးဖြစ်တဲ့ Natasha ၁၄ နှစ်က ကားထဲမှာ သူ့ရဲ့ညီမလေး Ella ၁၁ နှစ်နဲ့ ဂျနီဖာရဲ့ အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ Max နဲ့ Emme ၁၁ နှစ်တို့ကို တင်ပြီး သူမဆီကို မောင်းလာခဲ့ပါတယ်။
 
Alex Rodriguez က ဂျနီဖာ မိသိအောင် တိတ်တိတ်လေး စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ မျက်နှာကို ပဝါစည်းထားတဲ့ ဂျနီဖာကို Alex Rodriguez က အိမ်ရှေ့ကို တွဲခေါ်လာပြီး သမီးဖြစ်သူက ကားကိုသူမရဲ့ရှေ့ကို ရောက်အောင် မောင်းလာခဲ့ပါတယ်။
 
 
မွေ့နေ့လက်ဆောင် ကားကို မြင်သွားတဲ့အခါ ဂျနီဖာ အရမ်းပျော်သွားပြီး ကားက လှလွန်းလို့ ချက်ခြင်းပဲ မောင်းချင်သွားတယ်လို့ဆိုပါတယ်။ အခုလို သူမရဲ့မွေးနေ့မှာ တန်ဖိုးကြီးပြီး အရမ်းလှတဲ့ ပြိုင်ကားကို ပထမဦးဆုံးအကြိမ် ကိုယ်တိုင်မောင်းရမှာ ဖြစ်လို့ အကြီးအကျယ် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။
 
ဂျနီဖာ က အိမ်နီးနားချင်းတွေကိုပါခေါ်တင်ခေါ်ပြီး ကားကိုယ်ကိုယ်တိုင်မောင်းခဲ့ပါတယ်။ ဒါဟာ ယာဉ်မောင်းလိုင်စင်ရပြီးကတည်းက ပထမဦးဆုံးအကြီမ် ကားကိုယ်တိုင်မောင်းတာဖြစ်ပါတယ်။
ကားဘယ်လိုမောင်းရတယ်ဆိုတာ မေ့သွားပြီလားလို့ ထင်နေခဲ့ပေမယ့် နောက်ဆုံးမှာ ချောချောမွေ့မွေ့နဲ့ ကားမောင်းသွားနိုင်ခဲ့ပါတယ်။
ဂျနီဖာလိုပက်စ်ရဲ့ အသက် ၅၀ ပြည့်မွေးနေ့လေး ဘယ်လို ကျင်းပခဲ့လဲဆိုတာ ရုပ်သံမှာ ရှုစားကြည့်ပါဦး။
 
 

31 Jul 2019     1,691 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS