အလုပ်နဲ့ ပတ်သတ်ပြီးမလေးမစားပြုမူတာကြောင့် ကိုးရီးယားလူမျိုးတွေရဲ့ ရှုံချဝေဖန်ခြင်းကို ခံနေရတဲ့ စီရော်နယ်ဒို
30 Jul 2019 1,365 Views
ဂျူဗင်တပ်စ် အဖွဲ့မှ ကစားသမားတစ်ဦးဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးချန်ပီယံ စီရော်နယ်ဒိုဟာ တောင်ကိုးရီးယားနိုင်ငံရှိ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ သဘောတူညီခဲ့ပါတယ်။ အဆိုပါ ရုပ်သံအစီအစဉ်နာမည်ကတော့ Let’s Go Man Soo Ro ဖြစ်ပြီး Kim Soo Ro, Exo အဖွဲ့ဝင် Kai, Nu’est အဖွဲ့ဝင် Baekho တို့ အဓိက casts တွေအနေနဲ့ ပါဝင်သွားမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးကစား သမား စီရော်နယ်ဒိုဟာ အဆိုပါ တီဗွီအစီအစဉ်မှာ ပါဝင်ဖို့ အတည်ပြုခဲ့ပြီး ရိုက်ကူးရေး ပြုလုပ်သည့်နေ့မှာ ပေါ်မလာတာကြောင့် ရုပ်သံထုတ်လွှင့်ဌာနနှင့် ရိုက်ကူးရေးအဖွဲ့အကြား ပြဿနာများစွာရှိခဲ့ပါတယ်။ စီရော်နယ်ဒိုတစ်ယောက် ရိုက်ကူးရေးမှာ ပျက်ကွက်ခဲ့တာနဲ့ ပတ်သတ်ပြီး Kim Soo Ro ဘယ်လို တုန့်ပြန်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Let’s Go Man Soo Ro အစီအစဉ်မှ ရိုက်ကူးရေးဝန်ထမ်း တစ်ဦး၏ ပြောကြားချက်အရ စီရော်နယ်ဒိုနှင့် ဂျူဗင်တပ်စ်အသင်းတို့ဟာ အစီအစဉ်မှာ ပါဝင်ဖို့အတည်ပြုခဲ့ပြီး ရိုက်ကူးရမည့်နေ့မှာ ရိုက်ကွင်းသို့ မလာနိုင်တော့ကြောင်း၊ အစီအစဉ်မှာ ပါဝင်ဖို့ ဖျက်သိမ်းခဲ့ကြောင်း ပြောကြားလိုက်တယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး စီရောနယ်ဒိုဘက်က တောင်းပန်ခြင်းလဲမရှိသလို မလာဖြစ်တဲ့ အကြောင်းအရင်းကို ရှင်းပြခြင်းမျိုးလဲမရှိတာကြောင့် သရုပ်ဆောင် Kim Soo Ro မှ အင်စတာဂရမ်မှာအောက်ပါအတိုင်း ပို့စ်ရေးသားတင်ခဲ့ပါတယ်။
“အနည်းဆုံးတော့ တစ်ခုခုအကြောင်းပြချက်ပေးသင့်ပါတယ်။ ခင်ဗျား ဒီလိုပဲလုပ်နေမယ်ဆိုရင် ကျွန်တော် အမှန်တကယ်စိတ်မကောင်းဖြစ်ရမှာပါပဲ။ အရူးကောင်၊ မိုက်ရိုင်းတဲ့အကောင်” ဟုရေးသားပြီး အနောက်မှာ ကိုးရီးယားဝမ် လက္ခဏာကို ရေးသားထားပါတယ်။
ဂျူဗင်တပ်စ်အဖွဲ့သားတွေနဲ့ ရော်နယ်ဒိုကို အစီအစဉ်မှာပါဝင်ဖို့ ချမှတ်ပြီးသားဖြစ်ပေမယ့် ရော်နယ်ဒိုဘက်က ရိုက်ကူးရေးကို ရောက်ရှိလာခြင်းမရှိတာကြောင့် ရိုက်ကူးရေးကို ဖျက်သိမ်းလိုက်ရပါတယ်။ ကမ္ဘာကျော် ဘောလုံးချန်ပီယံ စီရော်နယ်ဒိုတစ်ယောက် အခုလို မလေးမစား လုပ်သွားတာကြောင့် တောင်ကိုးရီးယားလူမျိုးများရဲ့ ဝေဖန်ရှုံ့ချမှုကို ခံနေရတာဖြစ်ပြီး သူဘယ်လို အကြောင်းပြချက်နဲ့ တုန့်ပြန်လာမယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါပဲ။
Ref:koreaboo
(ပိုပိုလေး)