ဥရောပပြိုင်ပွဲတွေမှာ ဂျူဗင်တပ်စ်အသင်း စိုးမိုးတော့မယ်လို့ ရော်နယ်ဒို ပြောကြား
30 Jul 2019 1,402 Views
ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေးဖလား ပြိုင်ပွဲတွေနဲ့ လိဂ်ဖလား ပွဲစဉ်တွေမှာ အောင်မြင်မှုတွေ ရယူထားနိုင်ပေမယ့် ဥရောပအဆင့်မြင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေပါတယ်။ ယခုအချိန်မှာ ထိပ်တန်းကစားသမားတွေနဲ့ နာမည်ကျော်နည်းပြတွေကို ခေါ်ယူအသုံးပြုနေပြီး ဥရောပအောင်မြင်မှုတွေ ဆာလောင်နေတဲ့ အသင်းတစ်သင်းအဖြစ်မြင်တွေ့ ရမှာပါ။
ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အဆင့်မြင့် ဥရောပပြိုင်ပွဲတွေမှာ ဂျူဗင်တပ်စ်အသင်း စိုးမိုးလာမည့် အချိန်တွေ ရောက်လာတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ (၁၉၉၆) ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဂျူဗင်တပ်စ်အသင်းဟာ ဒုတိယအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ (၅) ကြိမ်အထိရှိနေပါပြီ။ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ်မှ ရော်နယ်ဒိုကို ပေါင် သန်းနဲ့ (၁၀၀) ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာသာ ကျေနပ်ခဲ့ရပါတယ်။
“ ကျွန်တော် ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလား (၄) ကြိမ်တိုင် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်ချင်တုန်းပါ။ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ အချိန်တန်နေပါပြီ ” လို့ ရိုနယ်ဒိုက မာကာကချီးမြှင့်တဲ့ Marca Leyenda award ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဒီလစ် ၊ ရာဘီရို့စ် ၊ ရမ်ဆေး တို့လို့ကစားသမားတွေကို ခေါ်ယူထားပြီး နောက်ရာသီ ဥရောပပြိုင်ပွဲတွေမှာ ဘယ်လောက်စွမ်းဆောင်နိုင်ပြီလဲ ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။