စစ်မှုထမ်းနေစဉ် ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြလာတဲ့ idols အဆိုတော်များ
30 Jul 2019 1,318 Views
တောင်ကိုးရီးယားနိုင်ငံရဲ့အသက် ၁၉နှစ်မှ ၃၀ အတွင်း ယောင်္ကျားသားတိုင်း စစ်မှုထမ်းရပါတယ်။ မင်းသား၊ idols အဆိုတော်တွေလည်း ကျန်ရှိတဲ့ ပြည်သူများနည်းတူ စစ်မှုထမ်းကြရတာပဲဖြစ်ပါတယ်။ လက်ရှိမှာ Idols အဆိုတော်တွေထဲက Jo Kwon , Shinee အဖွဲ့ဝင် Onew, Infinite အဖွဲ့ခေါင်းဆောင် Sunggyu တို့ဟာ အတူတကွ စစ်မှုထမ်းနေကြရတာပဲဖြစ်ပါတယ်။ သူတို့သုံးဦး ပြောပြတဲ့ စစ်မှုထမ်း အတွေ့အကြုံက ဘယ်လိုဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
“စစ်တပ်ဟာ နာကျင်မှုတွေကို တိုးပွားစေသလိုပါပဲ။ ဒါက နေ့စဉ်လုပ်ကိုင်နေကျ လုပ်ငန်းစဉ်တွေနဲ့ မတူတော့ ပထမပိုင်းမှာ ညှိယူလိုက်ရတာတွေ အရမ်းများပါတယ်။ ဒါပေမဲ့ နာကျင်မှုကို ကျော်လွန်လာတဲ့ အခါ အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်။ တာဝန်သိတတ်မှုတွေ၊ စိတ်ရှည်တတ်တာတွေ ဖြစ်လာတယ်၊ ကျွန်တော်ထင်တယ် စစ်တပ်က ထွက်ပြီး လူမှုပတ်ဝန်းကျင်ကို ပြန်ရောက်တဲ့အခါ ကျွန်တော်ဟာ ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာတော့မယ်လို့ ယုံကြည်နေတယ်။ ” ဆိုပြီး Infinite အဖွဲ့ဝင် Sunggyu ကပြောကြားထားပါတယ်။
တစ်ဖန် Shinee အဖွဲ့ခေါင်းဆောင် Onew ကလဲအောက်ပါအတိုင်းပြောကြားလာပါတယ်။ “ကျွန်တော့်အတွက် စစ်မှုထမ်းရတာဟာ နေ့စဉ်ပြုလုပ်နေရတဲ့ အသက်ရှူလုပ်ငန်းစဉ်လိုပါပဲ။ အရမ်းကြိုက်ပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်ဖော်ကိုင်ဖက် စစ်သားတွေနဲ့အတူ ဆောင်ရွက်ရတာဟာလဲ ပျော်ရွှင်စရာအချိန်တစ်ခုပါ။ သာမန်လူနေမှုဘဝထဲက ခွဲထွက်ပြီး ဒီလို ဘဝမျိုးကိုလိုချင်နေခဲ့တာကြာပါပြီ” ဆိုပြီး ပြောပြလာပါတယ်။
“စစ်တပ်ဟာ ကောင်းကင်မှာရှိတဲ့ သက်တန့်လိုပါပဲ။ အရောင်အဆင်းမတူတဲ့ယောင်္ကျားသားတွေ တစ်နေရာထဲမှာ အတူဆုံတွေ့ကြတယ်၊ တာဝန်တွေကို သစ္စာရှိရှိ ဆောင်ရွက်ကြတယ်။ အရောင် ခုနှစ်ရောင် ပေါင်းစည်းထားတဲ့ သက်တန့်လိုပါပဲ အရောင်အသွေးမတူညီတဲ့ လူတွေ စစ်တပ်မှာ လာရောက်တွေ့ဆုံကြတဲ့အခါ လှပတဲ့ သက်တန့်ကြီးဖြစ်လို့လာပါတယ်” ဆိုပြီး Jo Kwon မှ ပြောပြသွားပါတယ်။
Ref:koreaboo
(ပိုပိုလေး)