လန်ဒန်မြို့ လမ်းမထက်က ပေါင် (၁၀၀၀) တန် “ Cristiano Ronaldo header challenge ”
29 Jul 2019 1,665 Views

လန်ဒန်မြို့ လမ်းမထက်မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့  ခေါင်းတိုက်ဘော ‘Cristiano Ronaldo header challenge’ ပြုလုပ်ခဲ့ကြပြီး အဆိုပါ ဗီဒီယိုဟာ လူမှုကွန်ယက်မှာ ပြန်နှံခဲ့ပြီး ဘောလုံးပရိတ်သတ်တွေ အတော်လေး နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒီ challenge မှာ ရော်နယ်ဒိုလိုမျိုး ဘယ်သူက လိုက်လုပ်နိုင်သလဲ ဆိုတာကို ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ challenge မှာ အမြင့်ပေ (၂.၆၅) မီတာအမြင့်မှာ ချိတ်ဆွဲထားတဲ့ ဘောလုံးကို ခေါင်းဖြင့် ခုန်တိုက်ရတာ ဂိမ်းမျိုးဖြစ်ပြီး အဆိုပါ ဘောလုံးကို ခေါင်းဖြင့် ခုန်တိုက်နိုင်တဲ့သူက ပေါင် (၁၀၀၀) ဆုကြေးအဖြစ် ရရှိမှာဖြစ်ပါတယ်။ဒီ Challenge မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ အများအပြားရှိခဲ့ပြီး ဘောလုံးကို ခုန်တိုက်နိုင်ဖို့အတွက် တစ်ကယ်ပဲ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ကြရပါတယ်။
အဆိုပါ Challenge ကို F2 Freestylers အမည်ရှိတဲ့ ဂျရေမီ လက်ခ်ျနဲ့ ဘီလီ ၀င်းဂရော့တို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒို ခေါင်းတိုက်ဘောတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အဆုံးသတ် ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ခေါင်းတိုက်ဘောကနေ သွင်းဂိုးပေါင်း (၁၀၀) ကျော်သွင်းယူထားနိုင်ခဲ့ပါတယ်။
(၂၀၁၃) ခုနှစ်က မန်ယူအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ တွေ့ ဆုံစဉ်မှာ ရော်နယ်ဒိုဟာ အသင်းဟောင်း မန်ယူအသင်းဘက်ကို အမြင့် (၂.၆၅) မီတာ ရှိတဲ့ အမြင့်ကို ခုန်တိုက်ပြီး ဂိုးရယူခဲ့ပါတယ်။ ခုန်တိုက်ချိန်မှာ ရော်နယ်ဒိုရဲ့ ဒူးဟာ မန်ယူနောက်ခံလူ အီဗရာခေါင်းကို ကျော်လွန်နေတာကြောင့် လှပသေသပ်တဲ့ သွင်းဂိုးတစ်ဂိုးကို မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။
အဲ့အချိန်တုန်းက မန်ယူနည်းပြဟောင်းကြီး ဆာအဲလက် ဖာဂူဆန်ကိုယ်တိုင်ကတောင် “ဒီလိုဂိုးမျိုးကို မက်စီအပါအဝင် အခြားဘယ်သူမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး ” လို့ချီကျူးခဲ့ပါတယ်။
Ref ; givemesport