ကျပ်သိန်းတစ်ထောင် တန်ဖိုးရှိ လက်ဝတ်လက်စားများ မျိုချထားတဲ့ အမျိုးသမီး
26 Jul 2019 1,614 Views
အိမ်မှာရှိတဲ့ ရွှေဆွဲကြိုး၊ လက်ဝတ်လက်စားတွေ၊ ဒင်္ဂါးပြားတွေ မကြာခဏဆိုသလို ပျောက်နေပေမယ့် လက်သည်မပေါ်ပဲ ဖြစ်နေခဲ့ရာမှ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူက လစ်ရင်လစ်သလို ပါးစပ်ထဲထည့်ကာ မျိုချထားခဲ့ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ကမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂယ်လ်ပြည်နယ်ရှိ မိစားစုတစ်စုမှ သမီးဖြစ်သူဟာ စိတ်မနှံ့သူဖြစ်ပြီး အိမ်ရှိလက်ဝတ်လက်စားများကို နည်းနည်းခြင်း မျိုချခဲ့ရာမှ အစာအိမ်မခံနိုင်အောင် အောင့်လာပြီး အသက် အန္တရာယ်စိုးရိမ်ရတဲ့ အခြေနေနဲ့ ဆေးရုံတက်ခဲ့ရာ သူမရဲ့ အစာအိမ်ထဲမှ ၁.၆ ကီလိုအလေးချိန်ရှိတဲ့ အမျိုးမျိုးသော လက်ဝတ်လက်စားနဲ့ ဒင်္ဂါးပြားတွေကို ဆရာဝန်တွေက ခွဲစိပ်ပြီး ထုတ်ပေးခဲ့ရပါတယ်။
မိခင်ဖြစ်သူက လက်ဝတ်လက်စားတွေ ပျောက်တာ သတိထားမိပေမယ့် သူမကိုမေးတာနဲ့ အော်ကြီးဟစ်ကျယ် အော်ငိုတော့တာပါပဲ။ အစားအသောက်တွေလည်း မစားတော့ပဲ လွှင့်ပစ်ပါတယ်။ သူမဟာ နေထိုင်မကောင်းဖြစ်နေတာ ၂ လလောက်ရှိပြီဖြစ်ပြီး ဆရာဝန်ပေါင်းစုံနဲ့ ပြကြည့်ပေမယ့် မသက်သာပါဘူး။ နောက်ဆုံးမှာတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ခဲရပါတယ်။
ဆရာဝန်တွေက သူမရဲ့ အစာအိမ်ထဲကနေ ဆွဲကြိုး ၆၉ ကုံး၊ နားကပ် အစုံ ၈၀၊ နှာခေါင်းကွင်း ၁၁ ကွင်း၊ ဆွဲသီး ၈ ခု၊ လက်ပတ်နာရီ ၁ လုံး၊ ငွေဒင်္ဂါးပြား ၂ ပြားနဲ့ ခြေကျင်း ၅ ခုတို့ကို ခွဲစိပ်ထုတ်ယူခဲ့ရပါတယ်။ ပစ္စည်းအများစုဟာ ကြေးနီ၊ ကြေးဝါတို့နဲ့ ပြုလုပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေလည်းပါဝင်ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က စိုးရိမ်ရတဲ့အခြေနေနဲ့ ဆေးရုံရောက်လာခဲ့ကြောင်း ခွဲစိတ်ဆရာဝန်ကြီး Dr Siddhartha Biswas က ဆိုပါတယ်။ သူမကို အချိန် တစ်နာရီနဲ့ ဆယ်ငါးမိနစ်ကြာအောင် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး သီတင်းပတ်အနည်းငယ်လောက် အနားယူပြီးရင်တော့ လူနာအခြေအနေက ပုံမှန်ပြန်ဖြစ်လာမယ်လို့ ဆိုပါတယ်။