BEC-TERO TV

ယူကေမှ ပို့လာသည့် ကွန်တိန်နာများထဲတွင် လူ့ခန္ဓာကိုယ် အစိတ်ပိုင်းများ တွေ့ရှိ

25 Jul 2019     1,661 Views


ထိတ်လန့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများနဲ့ အတွင်းကလီစာများကို ပြည့်ကြပ်ညပ်နေအောင် ထည့်ထားသည့် ကွန်တိန်နာများအား သီရိလင်္ကာနိုင်ငံ ကိုလွန်ဘိုဆိပ်ကမ်းတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
 
 
အဆိုပါကွန်တိန်နာများမှာ ယူကေနိုင်ငံက တင်ပို့လိုက်သည့် စွန့်ပစ်ပစ္စည်း ကွန်တိန်နာ အလုံး ၁၀၀ နဲ့အတူ သီရိလင်္ကာနိုင်ငံကို သင်္ဘောနဲ့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကိုလွန်ဘိုဆိပ်ကမ်း အလုပ်သမားများက ဆိုးရွားလှသည့် အနံ့ဆိုးများကြောင့် ထွက်နေခြင်းကြောင့် သတင်းပေးခဲ့ရာ သက်ဆိုင်ရာမှ ဖွင့်ဖောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
 
 
ဖြစ်စဉ်ကို အာဏာပိုင်များက ယူကေနိုင်ငံကို သတင်းပေးခဲ့ပြီးနောက် ယူကေတွင် စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ သီရိလင်္ကာအစိုးရက အဆိုပါ ကွန်တိန်နာများကို ယူကေသို့ ပြန်လည်တင်ပို့မည်ဟု ပြောကြားခဲ့သည်။
 
 
ဗြိတိန်နိုင်ငံမှာ နှစ်စဉ်အမှိုက်တန်ချိန် ၂၂ သန်းဝန်းကျင် စွန့်ပစ်နေကြပြီး ယင်းအမှိုက်များကို recycle လုပ်နိုင်တဲ့နေရာမရှိတဲ့အတွက် ပြည်ပနိုင်ငံတွေကို တင်ပို့ကြပါတယ်။ အခုလို recycle ပြန်လုပ်နိုင်တဲ့ အမှိုက်တွေကို လက်ခံတဲ့ နိုင်ငံတွေကလည်း အခုဆိုရင် ဝန်ပိနေတာကြောင့် လက်မခံနိုင်ကြတော့ပါဘူး။ ယခုနှစ်အတွင်းမှာ စွန့်ပစ်ပစ္စည်း မက်ထရစ်တန်ချိန် သုံးထောင်ကျော်ကို မလေးရှားနိုင်ငံက လက်မခံနိုင်တော့သဖြင့် သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်ပို့ခဲ့ပါတယ်။

25 Jul 2019     1,661 Views




RELATED

Most Popular of International News

Most Popular of NEWS