ခင်ပွန်းသည်နဲ့ ဖောက်ပြန်တဲ့ ၁၅ နှစ်သမီးကို ရက်ရက်စက်စက် နှိပ်ကွပ်တဲ့ ဇနီး (ရုပ်သံ)
25 Jul 2019 1,922 Views
အမျိုးသားတွေ ဇနီးမယားနောက်ကွယ်မှာ အိမ်ထောင်ရေးဖောက်ပြန်ကြတဲ့အခါ နောက်ဆုံးမှာ သနားစရာကောင်းတာက သူနဲ့ပက်သက်ခဲ့တဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ချိပ်၊ ချိပ်ခြင်းမို့သာ ငြိကြတာပါ ဒါပေမယ့် မှားမိကြတာခြင်းအတူတူ လူမိပြီလဲဆိုရော အရင်ဆုံး ပြဿနာတက်ကြရတာ အမျိုးသမီးတွေပါ။
သူတို့အချင်းခြင်း စကားတွေများ ရန်ဖြစ်ကြ၊ ရိုက်နှက်ကြ၊ အရှက်ခွဲကြနဲ့ ပြဿနာတွေ တက်ကြရပါတယ်။ ကိုယ်တော်ချောတို့ကတော့ ညို့ခံလိုက်ရသလိုလို၊ တို့ဆေးမိသလိုလိုနဲ့ လွတ်ထွက်သွားတတ်ကြပါတယ်။ ဒါပေမယ့် တရားဥပဒေကတော့ အလွတ်ပေးမှာ မဟုတ်ပါဘူး။
တရုတ်နိုင်ငံက ဗီယက်နမ်ဆံပင်ညှပ်ဆိုင် ပိုင်ရှင် အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဆိုင်က အသက် ၁၅ နှစ်အရွယ် ဆံပင်ညှပ်အလုပ်သမလေးတို့ တိတ်တိတ်ပုန်း ဇာတ်လမ်းလေးတွေခင်းကြပြီး ဇနီးသည်အလစ်၊ ဆိုင်ထဲမှာ နှစ်ပါးသွားနေကြတုန်း ဇနီးသည်နဲ့ ပက်ပင်းတိုးမိပြီး ပြဿနာတွေ အကြီးအကျယ်တက်ခဲ့ပါတယ်။ ဇနီးသည်အမျိုးသမီးက ဆိုင်က ကောင်မလေးကို ဒေါသတကြီး ရိုက်နှက်ပြီးနောက် ခေါင်းကဆံပင်တွေကို ရစရာမရှိအောင် စက်ကတ်ကြေးနဲ့ ထိုးကော်ကာ ပညာပေးခဲ့ပါတယ်။
ဇနီးသည်က သူ့ရဲ့ယောကျ်ား ခြေလှမ်းပျက်နေတာကို သတိထားမိနေတာကြာပါပြီ။ ဆိုင်မှာ ဒီကောင်မလေးကို အလုပ်ခန့်လိုက်ပြီးထဲက ဆိုင်ကို အကြောင်းမရှိအကြောင်းရှာ ခဏခဏ လာပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချင်းခြင်း မျက်လုံး အကြည့်တွေ မရိုးသားဘူးဆိုတာလဲ ရိပ်မိပါတယ်။ ဒါ့အပြင် ယောကျ်ားဖြစ်သူက ဆိုင်ကို ရောက်လာပြီး ဇနီးဖြစ်သူကို ဆိုင်မှာ ရှိမနေအောင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မကြာခဏ ပထုတ်တတ်ပါတယ်။
တစ်ရက်တော့ ဇနီးက သူ့ရဲ့ သံသယစိတ်တွေ ရှင်းသွားအောင် အမှန်အတိုင်းသိချင်လို့ ခင်ပွန်းသည် ပထုတ်တဲ့အတိုင်း အပြင်သွားချင်ယောင် ဆောင်လိုက်ပါတယ်။ သိပ်မကြာခင်ပဲ ဆိုင်ကို ပြန်လာပြီးချောင်းတဲ့အခါ သူတို့နှစ်ယောက်က ဆံပင်ညှပ်ခုံပေါ်မှာ ကျကျနန မိုးမမြင်လေမြင် ချစ်ရည်လူး ပျော်ပါးနေတာကို ပက်ပင်းတွေ့လိုက်ရပါတယ်။
ကောင်မလေးရဲ့ လင်ပြုစုနည်း ပညာခန်းက သူ့ထက်အများကြီး သာနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ ဒေါသအိုးပေါက်ကွဲပြီး ကောင်မလေးကို တဟုန်ထိုး ရိုက်နှက် ကန်ကျောက် ဆံပင်ဆောင့်ဆွဲပစ်ပါတယ်။ အဲဒီနောက် စက်ကတ်ကြေးယူပြီး ခေါင်းကဆံပင်တွေကို ထိုးချကာ သင်ခန်းစာကောင်းကောင်း ပေးလိုက်တာဖြစ်ပါတယ်။
ကောင်မလေးနဲ့ ပြဿနာဖြစ်နေကြတဲ့ အဖြစ်ပျက်တစ်ခုလုံးကို အနီးနားက ဖြတ်သွားသူတစ်ယောက်က ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်ပါတယ်။ ရုပ်သံဟာ ပျံ့နှံ့သွားခဲ့ပြီး ရဲတိုင်ကြားခံခဲ့ရကာ ရဲစခန်းကလာရောက် အရေးယူရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ လက်တလောမှာတော့ ရဲတွေက သူတို့ ၃ ယောက်လုံးကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ဥပဒေနားလည်းသူ ရှေ့နေတစ်ဦးက မိန်းကလေးဟာ အသက် ၁၅ နှစ်သာရှိသေးတာမို့ မုဒိန်းမှုအဖြစ် ရဲတွေက အရေးယူနိုင်တယ်လို့ဆိုပါတယ်။ မိန်းကလေးက အလိုမတူပါလို့ စစ်ဆေးခံရင် အမျိုးသားဟာ မုဒိန်းမှုနဲ့ ပြစ်ဒဏ်ကျခ့ရပြီး မိန်းကလေးကတော့ လွတ်သွားနိုင်ပါတယ်။ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အမျိုးသမီးကိုလည်း သူမရဲ့ နိုင့်ထက်စီးနင်းအပြုအမူအတွက် အရေးယူခံရနိုင်ခြေရှိကြောင်း သိရှိရသည်။