လီဗာပူးလ်နဲ့ပွဲမှာ ခြေစွမ်းပြကစားထားပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ မန်ယူပစ်မှတ် ဘာနန်ဒက်စ်
25 Jul 2019 1,400 Views
ယနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ စပို့တင်း လစ်စ္စဘွန်း အသင်းနှင့် လီဗာပူးလ် တို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မန်ယူပစ်မှတ် စပို့တင်း လစ်စ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဘာနန်ဒက်စ် ဟာ ခြေစွမ်းပြကစားခဲ့ပြီး (၁) ဂိုးသွင်း (၁) ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ယခုနွေရာသီ အပြောင်းအရွေ့ မှာ မန်ယူအသင်းက ဘရူနို ဘာနန်ဒက်စ်ကို ပေါင် သန်း(၇၀) ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။ ဘာနန်ဒက်စ်ဟာ ကွင်းလယ်ပိုင်းသာမက တိုက်စစ်ပိုင်းအထိ လိုက်ပါကစားနိင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ယနေ့မနက်ပွဲစဉ်မှာ လီဗာပူးလ်အသင်းဘက်ကို ပွဲချိန် (၅) မိနစ်မှာကတည်းက (၃၅) ကိုက်အကွာကနေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘာနန်ဒက်စ်ရဲ့ ကန်ချက်ကို လီဗာပူးလ် ဂိုးသမား မင်ဂိုလတ်၏ ပေါ့ဆမှုကြောင့် စပို့တင်း လစ်စ္စဘွန်းက ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
ထို့နောက် လီဗာပူးလ်အသင်းက ချေပဂိုးရရှိဖို့အတွက် တိုက်စစ်ဆင်ကစားခဲ့ပြီး (၂၀) မနစ်မှာ အိုရီဂီကချေပဂိုး သွင်းယူပေးခဲ့ပြီး (၄၅) မိနစ်မှာ ဝယ်နယ်ဒန်က နောက်ထပ် တစ်ဂိုးသွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းက ၂-၁ ဖြင့်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် စပို့တင်း လစ်စ္စဘွန်း နောက်ထပ်ချေပဂိုးကို ဒုတိယပိုင်း (၅၄) မိနစ်မှာ ဘာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ ဝန်ဒယ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ မိနစ် (၉၀) ပွဲပြီးဆုံးချိန်မှာ ၂-၂ ဖြင့် နှစ်ဖက်အသင်း သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြကစားနိုင်တာကြောင့် မန်ယူနည်းပြ ဆိုးရှားလ် မျက်စိကျစရာ ဖြစ်လာနိုင်ပေမယ့် အဆိုပါ အသက် (၂၄) နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဘာနန်ဒက်စ်ကို တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးပါဘူး။