မဟုတ်မမှန်သတင်းဖြန့်ချီသူတွေကို တရားဥပဒေအတိုင်းကိုင်တွယ်ဖြေရှင်းသွားမယ့် ဆောင်းဟယ်ကျို
25 Jul 2019 1,340 Views
မြန်မာပရိတ်သတ်တွေ အွန်စောလို့ သိကြတဲ့ သရုပ်ဆောင် ဆောင်းဟယ်ကျိုဟာ လတ်တလော ခင်ပွန်းသည် ဆောင်ဂျွန်ကီနဲ့ တရားဝင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲလိုက်ပြီပဲဖြစ်ပါတယ်။ Song စုံတွဲ ကွာရှင်းတာနဲ့ ပတ်သတ်ပြီး ဆောင်းဟယ်ကျိုအပေါ်အမြင်စောင်းလာတာမျိုးတွေရှိလာသလို မလိုလားအပ်တဲ့ ကောလာဟာလ သတင်းတွေဖြန့်ချီသူတွေလဲရှိလာပါတယ်။ ဒီကိစ္စကို ဆောင်းဟယ်ကျိုအနေနဲ့ ဘယ်လိုတုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဇူလိုင် ၂၅ ရက်နေ့မှာ ဆောင်းဟယ်ကျို အေဂျင်စီ UAA မှအောက်ပါအတိုင်း ထုတ်ပြန်ကြေညာလာပါတယ်။
“ကျွန်တော်တို့ UAA အဖွဲ့အစည်းဟာ ဆောင်းဟယ်ကျိုအကြောင်း မဟုတ်မမှန်သတင်းဖြန့်ချီသူတစ်ဦးတစ်ယောက်ချင်းစီကို တရားရုံးမှာ အမှုဖွင့်ပြီးပြီပဲဖြစ်ပါတယ်။ အင်တာနက်မှာ ဆောင်းဟယ်ကျိုရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေတဲ့ ပို့စ်တွေ၊ ကော်မန့် တွေပြောထားတာတွေ ကျွန်တော်တို့မှာ သက်သေ အထောက်အထားအခိုင်အလုံ ရှိနေပါတယ်။ ဆောင်းဟယ်ကျိုရဲ့ ကာရိုက်တာ ပျက်စီးစေတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို တရားဥပဒေအတိုင်း ဆက်လက်ဖြေရှင်းသွားမှာဖြစ်ပါတယ်။” ဟု ကြေညာချက်ထုတ်ပြန်လာပါတယ်။
ခင်ပွန်းသည်နဲ့ တရားဝင် ကွာရှင်းပြတ်စဲပြီးနောက် ဆောင်းဟယ်ကျိုဟာ ယခင်ကထက် အမုန်းစကားများ အင်တာနက်မှာ ဖြန့်ချီပြောဆိုခံလာရပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာတွေဟာ မဟုတ်မမှန်သတင်းတွေသာ ဖြစ်တဲ့အတွက် အေဂျင်စီမှ တာဝန်ယူ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။
Ref:allkpop
(ပိုပိုလေး)