သရုပ်ဆောင်မင်းသမီးကြီး အကယ်ဒမီဝါ၀ါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်
24 Jul 2019 1,444 Views
တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ ၀ါရင့်သရုပ်ဆောင် မင်းသမီးကြီးဝါ၀ါဝင်းရွှေကိုတော့ ရုပ်ရှင်ကြိုက်ချစ်ပရိသတ်တွေက တလေးတစားချစ်ခင်အားပေးခဲ့ကြတာပါ။ တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကို ကြီးစိုးနိုင်ခဲ့သည်အထိ သူမရဲ့ရုပ်ရှင်ဇာတ်လမ်းတွေကို ပရိသတ်တွေကနှစ်ခြိုက်အားပေးခဲ့ကြရတာပါ။ ငယ်စဉ်ကချောမောလှပလွန်းသူတစ်ယောက်ဖြစ်ပြီး အသက်အရွယ်ရလာသည့်တိုင် အလှမပျက်သေးပဲ ပျိုမြစ်လှပနေဆဲဖြစ်တဲ့ ၀ါဝါ၀င်းရွှေကတော့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တိုင်းရဲ့ ရင်ထဲ၊အသဲထဲမှာ ယနေ့ထိတိုင် နေရာယူထားနိုင်ဆဲ မင်းသမီးကြီးဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
အကယ်ဒမီဝါ၀ါဝင်းရွှေဟာဆိုရင် ခင်ပွန်းဖြစ်သူ မင်းသားကြီးသန်းထွဋ်နဲ့အတူ နှစ်ပေါင်းများစွာခိုင်မာတည်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်ထားခဲ့ပြီး သူတို့နှစ်ယောက်လုံးဟာ သဘောကောင်းဖော်ရွေသူတွေဖြစ်ကြလို့ လူချစ်လူခင်လည်းပေါများခဲ့ပါတယ်။ ယနေ့ယခုချိန်ထိ အချစ်တွေမပျက်စီးပဲ သစ္စာတရားတွေနဲ့ပေါင်းသင်းနေထိုင်လာခဲ့ကြတဲ့ ၀ါဝါ၀င်းရွှေတို့ဇနီးမောင်နှံကြားမှာ စိတ်မကောင်းစရာသတင်းလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
အဲ့တာကတော့ ၀ါဝါ၀င်းရွှေရဲ့ချစ်ခင်ပွန်း မင်းသားကြီးသန်းထွဋ်ဟာဆိုရင် မနေ့ည (၇:၁၂) အချိန်မှာပဲ ပန်းလှိုင်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ ယခုလိုမျိုး ခင်ပွန်းဖြစ်သူဆုံးပါးသွားတဲ့အတွက် အန်တီဝါ၀ါဝင်းရွှေလည်း စိတ်မကောင်းဖြစ်နေရသလို မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ ပရိသတ်ကြီးကပါ ထပ်တူထပ်မျှဝမ်းနည်းခဲ့ကြရပါတယ်။
ခင်ပွန်းဖြစ်သူဆုံးပါးသွားမှုကိုတော့ ၀ါဝါ၀င်းရွှေက “ချစ်လှစွာသောခင်ပွန်း ဦးသန်းထွဋ်သည် ယနေ့ည 7:12မိနစ်တွင် ကွယ်လွန်သွားပါကြောင်း”ဆိုပြီး စာသားလေးရေးကာ အားလုံးကိုအသိပေးမျှဝေခဲ့တာဖြစ်ပါတယ်။ ဘ၀သက်ဆုံးတိုင် ခိုင်မာတဲ့ချစ်ခြင်းတရား၊ မပြောင်းလဲတဲ့သစ္စာတရားတွေနဲ့ လက်တွဲခဲ့ကြတဲ့ အန်တီဝါတို့ဇနီးမောင်နှံအတွက် မိသားစုနဲ့ထပ်တူ ပရိသတ်ကြီးအားလုံးလည်း စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။
(ပိုပိုလေး)