မွေးနေ့ကို တရားစခန်းဝင်ပြီး ကုသိုလ်ယူရင်းဖြတ်သန်းခဲ့တဲ့ သက်မွန်မြင့်
24 Jul 2019 2,066 Views
တည်ငြိမ်အေးချမ်းတဲ့မျက်နှာလေးနဲ့ ချစ်စဖွယ်အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အရှိကိုအရှိတိုင်း ရိုးသားပွင့်လင်းစွာပြောဆိုနေထိုင်တတ်သူဖြစ်ပါတယ်။ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ သူမကတော့ စကားပြောရင် အသံဝဲ၀ဲလေးနဲ့ ပရိသတ်ကိုအချစ်ပိုအောင် ဆွဲဆောင်နိုင်သူလေးဖြစ်ပြီး အနုပညာလောကထဲမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးစာရင်းဝင်တစ်ယောက်ဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကို စတင်ရရှိခဲ့တဲ့ သက်မွန်မြင့်ကတော့ ယခုဆိုရင် အကယ်ဒမီဆုကြီး (၂) ဆုကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။ အနုပညာသက်တမ်း နှစ် ၂၀ ပြည့်သွားပြီဖြစ်တဲ့ ချစ်သက်ကတော့ သားလေး၊သမီးလေးနဲ့အတူ အေးချမ်းသာယာတဲ့မိသားစုဘ၀လေးကိုပါ ပိုင်ဆိုင်ထားသူပါ။ ဘ၀မှာ အရေးကြီးဆုံးက ချစ်ရတဲ့ပရိသတ်ကြီးနဲ့ မိသားစုသာဖြစ်တယ်ဆိုတဲ့ ချစ်သက်ကတော့ ယနေ့ကဇူလိုင်လ (၂၃) ရက်နေ့မှာ အသက် ၃၇ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။
မနေ့ကကျရောက်ခဲ့တဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ ချစ်သက်က တရားစခန်းဝင်ပြီး ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ သူမဟာ မှော်ဘီမြို့နယ်ရှိ အောင်ဇဗ္ဗူတောရတရားရိပ်သာမှာ တရားစခန်းဝင်ပြီး အေးချမ်းမှုတွေကို ခဏတာရှာဖွေခဲ့တာဖြစ်ပါတယ်။ သက်မွန်ကတော့ မွေးနေ့မတိုင်ခင်တုန်းက သူမရဲ့မိသားစု၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနဲ့ မွေးနေ့အကြိုပါတီပွဲလေးကို ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
(ပိုပိုလေး)