သီချင်းလေးနဲ့အတူ Sexy ကျကျ လှုပ်ခါရမ်းပြလိုက်တဲ့ နေခြည်ဦး
23 Jul 2019 2,893 Views

အများကချစ်စနိုးနဲ့ ခြည်ခြည်လို့ခေါ်ကြတဲ့ နေခြည်ဦးကတော့ အထူးတလည်ပြောစရာမလိုအောင်ကို အချိန်တိုလေးအတွင်း များစွာသော အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခဲ့သူပါ။ Beauty Blogger တစ်ယောက်အဖြစ် ခြေလှမ်းစတင်ခဲ့တဲ့သူမက မိန်းကလေးတိုင်းရဲ့ အလှအပရေးရာလိုအပ်ချက်များနဲ့ ဖက်ရှင်အကြောင်းအရာများအပြင် စိတ်ဓာတ်ခွန်အားပါပေးဆောင်နိုင်သူမို့ အမျိုးသမီးထုကြီးရဲ့ အခိုင်အမာဝန်းရံအားပေးခြင်းကို ခံထားရတာဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ခြည်ခြည်ကတော့ အရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ထက်မြက်တဲ့မိန်းမသားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်ပင် တစ်ချို့သောပရိသတ်တွေက သူမကိုစံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားကြတာပါ။ ထူးခြားတဲ့ပင်ကိုအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ခြည်ခြည်က Beauty Blogger အဖြစ်သာမက သရုပ်ဆောင်အဖြစ် အနုပညာလောကထဲဝင်ရောက်ကာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာရိုက်ကူးမှုတွေကိုပြုလုပ်လျက်ရှိနေပါပြီ။
နေခြည်ဦးကတော့ လတ်တလောမှာ ဖိတ်ကြားတဲ့ပွဲတွေများစွာကို တက်ရောက်နေတာကိုလည်းတွေ့ရပါတယ်။ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်တာကြောင့် လှုပ်ရှားမှုမှန်သမျှကို မျက်စိဒေါက်ထောက်စောင့်ကြည့်ခြင်းခံနေရတဲ့ ခြည်ခြည်ကတော့ သူမရဲ့ My Day မှာ ဗီဒီယိုလေးတစ်ခုကို တင်ခဲ့ပါတယ်။ အဲ့တာကတော့ ကမ္ဘာကျော်အဆိုတော့ Sam Smith ရဲ့ အသစ်ထွက်ထားတဲ့ How Do You Sleep ဆိုတဲ့ သီချင်းလေးနဲ့ Sexy ကျကျ ကပြထားတဲ့ဗီဒီယိုလေးပါ။
သူမရဲ့ကိုယ်လုံးလေးကို လှုပ်ခါရမ်းပြီးကပြလိုက်တဲ့ ဗီဒီယိုလေးက ပရိသတ်တွေကြားရေပန်းစားနေပြီး သဘောကျနှစ်ခြိုက်ကြတာကိုတွေ့ရပါတယ်။ တီးလုံးလေးနဲ့အတူ စည်းချက်ကျကျလှုပ်ခါပြလိုက်တဲ့ ခြည်ခြည်ရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။
(ပိုပိုလေး)