ဆောင်းဟယ်ကျိုနှင့် ဆောင်းဂျွန်ကီ ဥပဒေအရတရားဝင်ကွာရှင်းပြတ်စဲမှုပြီးစီးကြောင်း တရားရုံးမှထုတ်ပြန်ကြေညာ
22 Jul 2019 1,349 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် တော့ပ်စတားစုံတွဲ၊ ပရိတ်သတ်များ Song စုံတွဲလို့ သိကြတဲ့ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။ အာရှတစ်ခွင် ပရိတ်သတ်များ ချစ်ခင်အားကျရတဲ့ စုံတွဲ အခုလို လမ်းခွဲပြတ်စဲတာဟာ စိတ်မကောင်းစရာပါပဲ။ လက်ရှိ ဆိုးလ်မြို့နယ် တရားရုံးဟာ Song စုံတွဲ တရားဥပဒေအရ ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ဘယ်လို ထုတ်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Song စုံတွဲ ကွာရှင်းပြတ်စဲတာနဲ့ ပတ်သတ်ပြီး ဆိုးလ်မြို့နယ်တရားရုံးမှ ဇူလိုင် ၂၂၊ ကိုးရီးယားစံတော်ချိန် မနက် ၁၀ နာရီအချိန်မှာ အောက်ပါအတိုင်းထုတ်ပြန်ကြေညာလာပါတယ်။
“ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ တရားဥပဒေအရ လင်မယားအဖြစ် ကွာရှင်းပြတ်စဲလိုက်ပြီပဲဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့လဲ ပြောပိုင်ခွင့်မရှိပါဘူး” ဆိုပြီး ပြောကြားသွားပါတယ်။
ဆောင်းဂျွန်ကီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ မှာ ဆောင်းဟယ်ကျိုနဲ့ ကွာရှင်းပြတ်စဲခွင့်ကို ရုံးတော်မှာ လျှောက်တင်ခဲ့ပြီး ၂၇ ရက်နေ့မှာ ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ နှစ်ယောက်သား အမုန်းပွားပြီး လမ်းခွဲတာထက် အေးချမ်းစွာ လမ်းခွဲတဲ့နည်းလမ်းကို ရွေးချယ်လိုက်တာဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။ တစ်ချိန်က ပရိတ်သတ်ကြီးချစ်ခင်မြတ်နိုးရတဲ့ Song စုံတွဲဟာ အမှန်တကယ်ပဲ အေးအေးချမ်းချမ်းနဲ့ လမ်းခွဲပြတ်စဲလိုက်ကြပါပြီ။
Ref:allkpoo
(ပိုပိုလေး)