BEC-TERO TV

မင်းသားချော ဒေါင်းကိုမြင်ဖူးချင်လို့ ရိုက်ကွင်းထိတစ်ကူးတစ်ကလာရောက်ကြည့်ရှုခဲ့တဲ့ အဘွားအို

18 Jul 2019     2,579 Views


ထူးခြားဆန်းပြားတဲ့နာမည်လေးနဲ့ လက်ရှိ ခေတ်လူငယ်ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနာမည်ကြီးလာတဲ့ မင်းသားချောဒေါင်းကတော့ ဒေါင်းဆိုတဲ့နာမည်နဲ့လိုက်အောင်ပင် မျက်ခုံး၊ မျက်လုံးတို့ အချိုးကျပြေပြစ်ကာ ချောမောခန့်ညားတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။ စူးရှတဲ့မျက်ဝန်းတစ်စုံမှထွက်လာတဲ့ ညှို့ဓာတ်အပြည့်နဲ့အကြည့်၊ ယစ်မူးဖွယ်ဆွဲဆောင်အားပြင်းတဲ့ အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသဲနှလုံးကို အရည်ပျော်သွားအောင် ဖမ်းစားထားနိုင်ပြီး ပျိုပျိုအိုအို မိန်းမထုကြီးတစ်ရပ်လုံးက ၀န်းရံအားပေးနေကြသလို ပုရိဿများကပါ ဒေါင်းရဲ့ရုပ်ရည်ချောမောမှုကို လက်ခံအားပေးကြတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ယောကျာ်းပီသတဲ့ သွင်ပြင်လက္ခဏာတွေနဲ့ပြည့်စုံတဲ့ ဒေါင်းကတော့ သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျအောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူပါ။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်သရုပ်ဆောင်နိုင်သူမို့ အချိန်တိုအတွင်းမှာပင် အောင်မြင်မှုတွေကိုရရှိခဲ့တာဖြစ်ပြီး တစ်ဟုန်ထိုးနာမည်ကျော်ကြားလာတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေရပြီဖြစ်တဲ့ ဒေါင်းကတော့ လက်ရှိမှာ ၀တ်မှုန်ရွှေရည်၊ ထူးအောင်တို့နဲ့အတူ ရေစကြိုဘက်က ရွာတစ်ရွာမှာ ရုပ်ရှင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ကျေးလက်တောရွာဘက်မှာ ရုပ်ရှင်ရိုက်ကူးနေတာဖြစ်လို့ ဒေါင်းကတော့ တကယ့်တောသားလေးတစ်ယောက်လို ကျင့်ကြံနေထိုင်နေတာကိုလည်း တွေ့ရပါတယ်။

ရေစကြိုဘက်က ဖြုံဘူးဆိုတဲ့ ရွာလေးမှာ “၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကို သွားရောက်ရိုက်ကူးနေတဲ့ မင်းသားချောဒေါင်းကို တွေ့ဖူးမြင်ဖူးချင်တာကြောင့် အသက် ၈၅ နှစ်အရွယ် အဘွားအိုတစ်ယောက်က ရုပ်ရှင်ရိုက်ကွင်းထိ လာရောက်ကြည့်ရှုခဲ့ပါတယ်။ မင်းသားချောဒေါင်းကို မြင်ဖူးချင်တာကြောင့် တစ်ခြားရွာကနေ အပင်ပန်းခံကာ တကူးတကလာရောက်ကြည့်ခဲ့တာဖြစ်ပြီး ဒေါင်းကိုတော့ ပုဂံမြို့သူဇာတ်လမ်းတွဲထဲက မလွတ်တန်းကြည့်ရှုအားပေးခဲ့တာလို့ သိရပါတယ်။ ဒေါင်းရဲ့ချောမောခန့်ညားမှုကတော့ မြို့ပြကပရိသတ်တွေကြားထဲသာမက ကျေးလက်တောရွာက ရုပ်ရှင်ချစ်ပရိသတ်တွေကြားထဲမှာပါ နာမည်ကြီးနေတာဖြစ်ပါတယ်။

ကျေးလက်တောရွာလေးဘက်မှာ ရုပ်ရှင်ရိုက်ကူးရင်း တောသားလေးဖြစ်သွားတဲ့ ဒေါင်းရဲ့ပုံရိပ်တွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


18 Jul 2019     2,579 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment