မုဒိမ်းမှုအပြင် မူးယစ်ဆေးသုံးစွဲမှုကိုပါ ဆက်လက်စစ်ဆေးခံသွားရမယ့်သရုပ်ဆောင် Kang Ji Hwan
18 Jul 2019 1,410 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ဇာတ်လမ်းတွဲသရုပ်ဆောင် Kang Ji Hwan ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ အမျိုးသမီးနှစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ Gwangju ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးခံခဲ့ရပါတယ်။ လက်ရှိ Kang Ji Hwan ရဲ့ ရှေ့နေ ထွက်ဆိုချက်အရ Kang Ji Hwan ဟာ အရက်သောက်ထားခြင်းမရှိကြောင်းသိရပါတယ်။ Kang Ji Hwan တစ်ယောက် မူးယစ်ဆေး သုံးစွဲနေတယ်လို့ ဘယ်လိုအကြောင်းကြောင့် စစ်ဆေးခံရမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Kang Ji Hwan ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ မှာ ဆေးမှုနဲ့ စစ်ဆေးခံဖို့ ရဲစခန်းမှ ထုတ်ပြန်ကြေညာလာပါတယ်။ အကြောင်းအရင်းကတော့ Kang Ji Hwan ဟာ သူနေထိုင်ရာ တိုက်ခန်းမှာ အမျိုးသမီးနှစ်ဦးကို ကာမစော်ကားခဲ့ပြီး နေအိမ်မှာရှိတဲ့ ကာရာအိုကေနဲ့ သီချင်းဆိုခဲ့ကြောင်း ရဲဌာနမှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Kang Ji Hwan သီချင်းဆိုနေစဉ် စော်ကားခံရသူ အမျိုးသမီး နှစ်ဦးထဲက တစ်ဦးက တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် သူဟာ အသိစိတ်လွတ်တဲ့ ပုံပေါက်နေပြီး ပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်တော့ကြောင်း သိရှိရပါတယ်။ ရဲများက ဖမ်းဆီးဖို့ရောက်ရှိလာတဲ့အချိန် Kang Ji Hwan ကိုယ်တိုင် စော်ကားခံရသူ မိန်းကလေးနှစ်ဦး အိပ်နေတဲ့အခန်းကို လိုက်ပို့ပေးခဲ့တာကြောင့် စိတ်အခြေအနေ ပုံမှန်မဟုတ်ကြောင်း ရဲစခန်းမှ အတည်ပြုခဲ့ပါတယ်။
မူမမှန်သော Kang Ji Hwan ရဲ့ အပြုအမူများကြောင့် ရဲစခန်းက မူးယစ်ဆေးသုံးစွဲထားခြင်း ရှိမရှိကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Ref:allkpop
(ပိုပိုလေး)