ဗစ်တိုးရီးယား အမှုနဲ့ပါက်သတ်ပြီး ပထမဆုံးရုံးချိန်းကို စတင်စစ်ဆေး
15 Jul 2019 1,311 Views
ပထမဆုံး ရုံးချိန်နေ့မှာတော့ အခြားသက်သေတွေကို စစ်ဆေးခြင်းမပြုသေးဘဲ ဥပဒေနဲ့ဆိုင်တဲ့ အချက်အလက်တွေ တင်ပြတာ ၊ ရှေ ့နေပါဝါ ယူတာမျိုးတွေကိုပဲ ပြုလုပ်တယ်လို့ ဆိုပါတယ်။ နောက် ရုံးချိန်းတွေမှာတော့ တရားသူကြီး ဘယ်နှစ်ယောက်ထိုင်ရမလဲ ၊ သက်သေ ဘယ်နှစ်ယောက် တင်ရမလဲဆိုတာကို သိရမှာဖြစ်တယ်လို့ ရှေ ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ပထမဆုံး ရုံးချိန်နေ့မှာ စွပ်စွဲခံရသူ အောင်ကြီး၏ ဖခင်က “ ရဲက ပထမတစ်ခေါက် စစ်တဲ့အချိန် တည်းက သူမဟုတ်ဘူး။ သူမတရားခံရတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပါတယ်။ ပထမတစ်ခါဖမ်းပြီး ပြန်လွှတ်ပြီးမှ ပြန်ဆွဲတယ်ဆိုတော့ CCTV အရကော ကျွန်တော့်သား ဟုတ်တယ် ၊ မဟုတ်ဘူးဆိုတာ ပြည်သူလူထုက သိပါတယ်။ မီဒီယာကော ပြည်သူတွေကိုကော မဟုတ်တဲ့အတွက် ကျွန်တော်တို့ဘက်ကရပ်တည်ပေးပါလို့ ” ပြောပါတယ်။
ဗစ်တိုးရီးယား အမှု နဲ့ပါက်သတ်ပြီး ပထမဆုံး ရုံးချိန်ကို ယနေ့ မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်ကိုတော့ လာမည့် ဇူလိုင် ၂၄ ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း သိရပါတယ်။