အသက် ၂၀ အရွယ် အာရှသားကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ဘာစီလိုနာ
12 Jul 2019 1,526 Views

ဘာစီလိုနာအသင်းဟာ ဂျေလိဂ် ကာရှီးမားအသင်းမှ လူငယ် တိုက်စစ်ကစားသမား Hiroki Abe ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ Hiroki Abe ကို ဆေးစစ်မှုပြုလုပ်ပြီးနောက် ဘာစီလိုနာအသင်းက မကြာခင်မှာ ကြေငြာသွားတော့မှာလို့ သိရပါတယ်။
အသက် ၂၀ အရွယ် Hiroki Abe ဟာ ကာရှီးမားအသင်းမှာ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနေပြီး ကြံခိုင်မှုကောင်းကောင်းနဲ့ နေရာစုံမှာ ကစားနိုင်တဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ပြီ်းခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ဂျပန်အသင်းလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၀၇ ခုနှစ်မှာ Hiroki Abe ဟာ ကာရှီးမားအသင်းမှာ ဂျေလိဂ် တစ်နှစ်တာလူငယ် အကောင်းဆုံးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ မှာကျင်းပမယ့် တိုကျို အိုလံပစ် ပွဲမှာ ပါဝင်ခွင့်ရဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် Hiroki Abe က “ ကျွန်တော်ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားလို့ အထူးကျေးဇူးတင်ပါတယ်။ ကာရှီးမားအသင်းမှကနေ ထွက်ပြီး ဘာစီလိုနာအသင်းမှာ ကစားဖို့ အတွကို ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာ နောက်လာမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။