ကိုယ်အလေးချိန်လျော့ချပြီး မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားတဲ့ သရုပ်ဆောင် Ahn Jae Hong
10 Jul 2019 1,343 Views
တောင်ကိုးရီးယား နာမည်ကျော်အရံသရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် Ahn Jae Hong ဟာ ဆိုရင် Reply 1988, Fight for my way ဇာတ်ကားတို့နဲ့ မြန်မာပရိတ်သတ်တွေ ရင်ထဲ အမှတ်ရစေခဲ့တာပဲဖြစ်ပါတယ်။ ဝဝတုတ်တုတ်လေးဖို့ ဟာသ ဇာတ်ရုပ်နေရာမှာ ချစ်စရာကောင်းတဲ့ ပုံစံနဲ့ အမြဲမြင်တွေ့နေရသူတစ်ဦးပါ။ လက်ရှိမှာတော့ Ahn Jae Hong ဟာ ကိုယ်အလေးချိန်လျော့ချပြီး ပရိတ်သတ်တွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲပြလိုက်ပြီပဲဖြစ်ပါတယ်။ Ahn Jae Hong တစ်ယောက် ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
သရုပ်ဆောင် Ahn Jae Hong ဟာ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ Please Take Care Of My Refrigerator အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ကိုယ်အလေးချိန်များစွာ လျော့ကျသွားခဲ့တဲ့ Ahn Jae Hong ကို ဘယ်သူမှ မမှတ်မိခဲ့ကြပါဘူး။
Ahn Jae Hong ကိုယ်တိုင် မိတ်ဆက်မှ သူဟာ Ahn Jae Hong မှန်း မှတ်မိသွားကြတာဖြစ်ပါတယ်။ သူ့ကို အံ့အားသင့်နေကြတာကို ကြည့်ပြီး Ahn Jae Hong က “ကျွန်တော် ဝိတ်အနည်းငယ်ကျသွားတာပါ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဝိတ်မချခင် ခပ်ဝဝပုံစံနဲ့ ချစ်ဖို့ကောင်းနေသလို ပိန်သွားတဲ့အခါမှာလဲ အရင်ကထက်ပို ကြည့်ကောင်းနေတော့တာပါပဲ။
Source-koreaboo
(ပိုပိုလေး)